23.🐍

16K 1.7K 74
                                    

"ခေတ်..."

ခေါ်သံကြောင့် တစ်ခေတ်လှည့်ကြည့်လိုက်ရာတွင် ဖူးခက်ဝေက သူ့ဆီလျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ အနားသို့ရောက်လာသော သူ(မ)ကို
တစ်ခေတ် မဆိုသလောက်လေးပြုံးပြလိုက်ရင်း...

"သူငယ်ချင်းဆီ လာတာလား"

"မဟုတ်ဘူး...ခေတ်ဆီကိုလာတာ"

"ကိစ္စရှိလို့လား"

ဖူးခက်ဝေ၏မျက်နှာသည် ရှက်အမ်းအမ်းဖြစ်သွားကာ အနည်းငယ်မျက်လွှာချလိုက်မိသည်။ ထို့နောက် မပွင့်တပွင့်လေသံဖြင့်...

"ခေတ် အရင်ရက်တွေတုန်းကအတန်းမတက်ဘူးလေ... ဒီနေ့မှလှမ်းတွေ့လိုက်လို့"

"သြော်"

တစ်ခေတ်၏ ပင်ပမ်းသလိုဟန်ပေါက်နေသည့်မျက်နှာကိုကြည့်၍ ဖူးခက်ဝေ လက်လှမ်းကာ မေးလိုက်သည်။

"နေမကောင်းဘူးလားဟင်"

"နည်းနည်း"

နဖူးနားသို့နီးကပ်လာသောလက်ကြောင့် တစ်ခေတ် အလိုအလျောက် ရှောင်တိမ်းလိုက်မိသည်။ တစ်ခေတ်၏ စကားနည်းကာအထိမခံတတ်သည့်ပုံစံကို သူ(မ)က ရင်းနှီးနေပြီဖြစ်သော်လည်း ထိုသို့ပြုမူတိုင်း သူ(မ)အနေခက်ရမြဲဖြစ်သည်။

တစ်ခေတ်သည်လည်း သူ(မ)ကို အားနာသွားသောကြောင့် အထိုက်အလျောက် ပြန်ပြောပေးရန် တွေးလိုက်၏။

"အခုတလော နေရထိုင်ရတာမအီမသာဖြစ်နေလို့ အမောလည်းသိပ်မခံနိုင်တာကြောင့်ကျောင်းမလာဖြစ်တာ"

"အာ...ဟုတ်"

ဖူးခက်ဝင် ညင်သာစွာပြုံးလိုက်သည်။ သူတို့နှစ်ယောက် စကားအနည်းငယ်မျှ ပြောလိုက်ကြပြီး သူ(မ)က ကျောင်းဝင်း၏ တစ်ဖက်ခြံစည်းရိုးတံခါးပေါက်ကို ကျော်၍ သင်တန်းသို့ပြန်သွားလေ၏။

ဟန်လုပ်ကာစကားပြောအပြီးတွင် ဘာမှမဖြစ်သလို တင်းခံထားသည့်စိတ်ကို လျော့ချလိုက်ပြီး နုံးခွေစွာဖြင့် စကျင်ကျောက်ခုံပေါ် ကိုယ်ကိုကိုင်းကာမှောက်ချလိုက်သည်။ သူတကယ်ကို လှုပ်ရှားချင်စိတ် မရှိသော်လည်း အတန်းချိန်အားဖြင့် နီးကပ်လာသည့်အခါ အိတ်ကိုဆွဲ၍ မတ်တပ်ထရပ်လိုက်သည်။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now