16.🐍

18.3K 1.8K 44
                                    

Zaw

Hotelမှလာကြိုသောကားဖြင့် တစ်ဖွဲ့လုံး အုတ်အော်သောင်းနင်းလိုက်ပါလာကြသည်။ မြို့တွင်းရှိမြင်ကွင်းများက သူတို့ထင်ထားသည်ထက်ပို၏။ ဖွဲ့စည်းပုံနှင့် နေထိုင်မှုပုံစံများသည် တခြားဒေသများထက် ကွဲပြားသည်ဆိုနိုင်ပေသည်။

အဆောက်အဦးတိုင်းသည် လက်ရာမြောက်သောအနုပညာတစ်ရပ်လိုပင်။ ခေတ်ရှေ့ပြေးနေသောဟန်နှင့် ခေတ်နောက်ကျသောမူကို တွဲဖက်သုံးထားခြင်း ဖြစ်ရာ ကြည့်ရတာအမြင်ဆန်းသစ်၏။ ဖွံ့ဖြိုးဆဲဖြစ်သည့်မြို့ဖြစ်သည်ကြောင့် မြို့ပြ၏တိုးတက်မှုများကို မျက်စိရှေ့မှောက်၌မြင်နေရသည့်အပြင် ခေတ်ဟောင်းအငွေ့အသက်များလည်း ဖုံးလွှမ်းနေသလို ခံစားရလေသည်။

လမ်းတစ်လျှောက်တွင် မြို့တွင်းလမ်းပန်းဆက်သွယ်ရေးသုံးအနေဖြင့် မြင်းလှည်း တော်တော်များများကိုတွေ့ရ၏။ ကားမောင်းသမား၏ပြောပြချက်အရ တိုးတက်လာသောမြို့အခြေအနေကြောင့် လေထုညစ်ညမ်းမှုနှင့်ဆိုးကျိုးများလည်း သေချာပေါက် ရှိလာခဲ့သည်။

ထိုလေထုညစ်ညမ်းမှုများကိုလျှော့ချပြီး လေကောင်းလေသန့်အား ကာကွယ်နိုင်ရန်၊ လာရောက်လည်ပတ်သူများကို ဝန်ဆောင်မှုကောင်းပေးနိုင်ရန်အတွက် ဧည့်သည်များအတွက်ကိုသာ ကာဗွန်ထုတ်လုပ်သော ခရီးသွားစက်ပစ္စည်းများအသုံးပြုစေပြီး မြို့ခံများကမူ မြင်းလှည်းများ၊စက်ဘီးများဖြင့် သုံးကြသည်။

အရေးပေါ်သွားလာရေးများတွင် သေချာပေါက် အခက်အခဲတွေရှိနေနိုင်ပေမဲ့ သူတို့အတွက်တော့ မတော်တဆမှုဆိုတာ မရှိသလောက်ဖြစ်သည်။ ထိုအတွက်နှင့် မြို့ခံများစိုးရိမ်ကြောင့်ကြစိတ်မဝင်ကြသည်ကို သူတို့အံ့သြစွာတွေ့ရှိရလေသည်။

သူတို့အတွေးကို သိနေသည့်အလား ကားမောင်းသမားက ပြုံးပြီးပြောလာသည်။

"မြို့တွင်းအရေးပေါ်ကိစ္စရပ်တွေအတွက်တော့ သီးသန့်ထားထားတာမျိုးတွေရှိပါတယ်...အားလုံးက လေထုညစ်ညမ်းမှုကိုကာကွယ်လျှော့ချဖို့ စိတ်ဆန္ဒရှိပြီး ပူးပေါင်းကြတယ်"

ကားရှေ့ခန်းနှင့် နောက်ခန်းကြားတွင် လည်ပင်းထက်ဝက်လောက်အထိ အကာမရှိသည်ကြောင့် ကားသမားပြောသမျှတိုင်းကို သူတို့ကြားရသည်။ တစ်ခေတ်ကငြိမ်ကာနားထောင်နေသလို ရှေးရှုသည်လည်း သူ့ကိုကိုနည်းတူ တွေးဆဆပုံစံဖြင့် နားထောင်နေလေ၏။
တကယ်တော့ သူဘာတစ်ခုမှနားမလည်သလို ဘာကိုမှလည်းမသိပါ။
အသက်ရှူရတာ ဟိုးလ်မြို့တော်ထက် သက်တောင့်သက်သာရှိသည်ကိုတော့ခံစားရ၏။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now