30.🐍

19.4K 1.8K 68
                                    

ရှေးရှုနှင့်လိုက်ရန်ဆုံးဖြတ်ခဲ့သော်လည်း တစ်ခေတ်အလျင်မလိုမိပေ။ အထိန်းတော်ကြီး၏ပြောပြချက်အရ ရှေးရှုသည် အရပ်စကားဖြင့်ဆိုရလျှင် နိုင်ငံတော်၏ ဆက်ခံသူဟု ဆိုလိုနိုင်ပေသည်။ ထို့ကြောင့် တွေ့ဆုံရမည့်လူများမှာ သာမန်မဟုတ်တဲ့တိုင်းပြည်၏အကြီးအကဲများဖြစ်နေသောကြောင့် သူ့အတွက်ပြင်ဆင်ဖို့ အချိန်လိုပေသည်။

နှစ်ပတ်ခန့်ကြာသောအခါ ပထမဦးဆုံးသောအကြိမ်အဖြစ် အခန်းပြင်ဘက်သို့ ခြေဆန့်ခဲ့လေသည်။ မြင်ကွင်းထဲဝင်လာခဲ့မည့်အရာက စိမ်းစိမ်းစိုစိုနှင့်တောအုပ်ကြီးတစ်ခုဖြစ်လိမ့်မည်ဟုထင်မှတ်ခဲ့သော်လည်း အထင်နှင့်အမြင် တက်တက်စင်အောင်ကိုလွဲတော့သည်။

အိမ်တော်တစ်ခုလုံး အဖြူရောင်ကျောက်များသုံးထားကာ ရှည်လျားကျယ်ပြန့်သည့်အပြင် တခမ်းတနားရှိလှသည်။ နိုင်ငံခြာှးဲအိမ်ဖြူတောှ်ိင့် ဆင်တူမလိုရှိသည်...။ သို့သေါ်လည်း ဤနေရာက ပိုပြီးခမ်းနားထည်ဝါနေသလို။

မျက်နှာကျက်တွင်ချိတ်ဆွဲထားသော ရွှေဝါရောင်မီးဆိုင်းကြီးကလည်း တလက်လက်တောက်ပနေသည်။ပါးစပ်အဟောင်းသားဖြင့် လိုက်ကြည့်နေသောတစ်ခေတ်ကို ရှေးရှုမှာဘေးကငေးရင်း ပျော်တပြုံးပြုံး။ သူ့ကိုကို ဒီလောက်အထိ အံ့ဩနေသည့်ပုံမျိုးကို မမြင်ဖူးခဲ့။

အရမ်းကို ချစ်စရာကောင်းနေသည်။

"ရှေးရှု ဒီကျောက်တွေက..."

"ဒါကသလင်းကျောက်တွေ ကိုကို"

"ဝါးးး ငါ့ယောကျာ်းက ဒီလိုအိမ်မျိုးပိုင်ဆိုင်တဲ့အထိချမ်းသာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

တစ်ခေတ် နှုတ်ခမ်းစူလိုက်သည်။ သူတစ်လလုံးလုံး အခန်းအောင်းပြီး ဘာလုပ်နေမိခဲ့တာလဲ။ သောက်ချီးပဲ။

နေပါဦး...။ခုနက ငါနှုတ်ခမ်းစူလိုက်မိတာလား !? !? !? !?

"Ommm. .ဟုတ်တယ်"

"Hmmm!"

ရှေးရှု ဘာကိုပြောမှန်းမသိသဖြင့် တစ်ခေတ်မျက်ခုံးတစ်ဖက်ပင့်ကာ လှည့်ကြည့်လိုက်သည်။

"ကိုကိုနှုတ်ခမ်းစူလိုက်တာလို့"

သြော်...ဒီခွေးသားလေးက ငါ့စိတ်ကိုဖတ်နိုင်တာကို မေ့သွားခဲ့မိတာပဲ...။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now