13.🐍

17.3K 1.8K 106
                                    

Zaw

စာမေးပွဲရလဒ်ပေါ်ထွက်လာသည့်နေ့တွင် တစ်ခေတ်အပျော်ကြီးပျော်ကာ ရှေးရှုအားဖက်၍နမ်းလိုက်မိသည်အထိ။ တစ်ခေတ်ကြိုကည်ြ့ပီး ရှေးရှုကတော့ခပ်ညည်းညည်းဖြင့်....

"ကိုကိုကတော့ ရှေးရှုကိုပလစ်ထားဦးတော့မှာပဲ"ဟု တီးတိုးဆိုသည်။

ကျောင်းစတက်ရမည့်နေ့ရောက်သော် တစ်ခေတ်အရမ်းတက်ကြွကာ မနက်လင်းလင်းထင်းထင်းမရှိခင်ကတည်းကပင် ဝီရိယကောင်းစွာနိုးနေ၏။ နောက်ဆုံးတော့ သူအမျှော်လင့်ရဆုံးသောနေ့ရက်သို့ ရောက်ရှိလာခဲ့ပေပြီ။

အထက်တန်းနောက်ဆုံးနှစ်ကို ဂုဏ်ထူးမှတ်ပေါင်းများစွာဖြင့် ကျောင်း၏နံပါတ်၂နေရာကို ရယူနိုင်ခဲ့သည်။ ပထမတန်းဝင်သည့်သုံးဦးသည် မြို့တော်၏ အခမဲ့ပညာသင်ကြားရေးစနစ်နှင့် ကျောင်းထောက်ပံ့ငွေကိုရမည်ဖြစ်သောကြောင့် ဒီနှစ်အတွက်တော့ သူပူစရာမလိုတော့။

အလယ်တန်းကျောင်းသားဘဝမှစ၍ အထက်တန်းကျောင်းထိတိုင်အောင် ကိုယ့်စရိတ်ကိုယ်ရှာယူခဲ့ရသောကြောင့် သူအတန်ငယ်ပင်ပန်းနေပြီဖြစ်သည်။ အများအမြင်တွင် ရပ်ကွက်ရုံးမှထောက်ပံ့ကြေးယူသည်ဟုထင်ကြသော်လည်း ခြေါက်တန်းနှစ်မှစ၍ငြင်းဆန်ခဲ့သည်ကို ရပ်ကွက်ထဲကလူများသာအသိဆုံးဖြစ်ပေလိမ့်မည်။

သူသည် အသနားခံဖို့မွေးဖွားလာခဲ့ခြင်းမဟုတ်သလို သူကိုယ်တိုင်ရပ်တည်နိုင်ကြောင်းကိုလည်း ပြသချင်ခဲ့သည်။ အထက်တန်းကျောင်းသားဘဝတွင် ထူးချွန်သည့်လူများအား ပညာသင်စရိတ်ပံ့ပိုးခဲ့ကြသော်လည်း စားဝတ်နေရေးအတွက်ဖြေရှင်းခဲ့ရသေးသည်။

ကောလိပ်ကျောင်းဝင်မည့်ဘဝကတော့ မတူချေ။ စရိတ်ကြီးသလို ဖိအားလည်း ပိုများ၏။ ဗိသုကာပညာရပ်ကိုရွေးချယ်ခဲ့သည်ကြောင့် အလုပ်တစ်ဖက်နှင့် ကျောင်းနေဖို့ကထင်သလောက်မလွယ်ကူ။

ထို့ပြင် လက်ရှိပညာရေးထောက်ပံ့မှုက လူလူချင်း သနားငဲ့ညှာသဖြင့်ကူညီသောအဖွဲ့အစည်းမဟုတ်။အထူးချွန်ဆုံးသောသူများကိုပေးသော ဆုလာဘ်တစ်ခု ဖြစ်သောကြောင့် သူသေချာပေါက် စိတ်သန့်သန့်နှင့်လက်ခံနိုင်သည်။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now