1.🐍

43.4K 2.9K 184
                                    

(Uni)

"မင်းကဘာလို့ ဒီမှာရှိနေရတာလဲ"

"လစ်လိုက်တော့..."

အတန်းလွတ်ချိန်တွင် ကျောင်းစာကြည့်တိုက်မှစာအုပ်အချို့အား လေ့လာဖတ်ရှုနေစဉ် ရန်လိုမှုနှင့်အတူ စာအုပ်အားဆွဲလုလာကြသလို ရှေ့ဆုံးမှတစ်ယောက်၏ ဆောင့်တွန်းခြင်းကိုခံလိုက်ရသည်။

"မင်းလိုဆင်းရဲသားတစ်ယောက်က ဒီနေရာမှာခြေချဖို့တန်လို့လား.... လမ်းဘေးမှာပဲတောင်းစားနေစမ်းပါ"

တစ်ခေတ်...ကျစ်ခနဲစုတ်သပ်လိုက်သည်။

မိသားစုနောက်ခံကိုအားကိုး၍ လူဘော်ကျော့လုပ်နေပါသည့် ထိုသခင်လေးသုံးယောက်အားကြည့်ကာ ကျောင်းစာကြည့်တိုက်ထဲ ရန်မဖြစ်ချင်တာကြောင့် ရှောင်ကွင်းသွားရန်ပြင်လိုက်ပေမဲ့ ကျောင်းယူနီဖောင်းအား ဆောင့်ဆွဲ၍လမ်းပိတ်လာသည်။

"ငါပြောလို့မပြီးသေးတာကို ဒါဘာသောက်ချိုးလဲ"

စာအုပ်စင်များကြားကနေရာလွတ်သည် လူတစ်ကိုယ်စာလွတ်ရုံသာရှိသည်မို့ ထိုသူများမဖယ်ပေးဘဲနှင့် သူပြန်ထွက်ရန်မဖြစ်နိုင်တော့။

"ငါ့ဟာငါ အေးဆေးနေလို့မရဘူးလား"

"မင်းရဲ့ဒီသောက်လေသံနဲ့ ဘယ်သူ့ကိုလာပြောနေတာလဲ... မိမဲ့ဖမဲ့ကောင်"

ဘလိုင်းကြီး ဝဲပျံလာသောလက်သီးချက်ကြောင့် တစ်ခေတ်မျက်မှောင်ကြုတ်ကာ ရှောင်တိမ်းလိုက်ရင်း ခုခံလိုက်သည်။

"မိမဲ့ဖမဲ့လို့ဘယ်သူ့ကိုလာခေါ်နေတာလဲ ဖေ့သားလေး"

တစ်ခေတ်... ချက်ချင်းပင် တန်ပြန်ထိုးစစ်ဆင်လိုက်ရာ စာကြည့်ခန်းအတွင်း၌ ဗရမ်းဗတာဖြစ်သွားတော့သည်။ ပြန့်ကျဲနေသောစာအုပ်များနှင့် ဆူညံသံတို့ကြောင့် စာကြည့်တိုက်မှူးက အပြေးလာကြည့်ရာမှ ရန်ဖြစ်နေသောကျောင်းသားလေးယောက်ကို မြင်လိုက်ရသဖြင့် လေးယောက်သား ထိန်းသိမ်းရေးရုံးခန်းသို့ ဆွဲခေါ်ခံသွားရတော့သည်။

.
.
.

"ဟူး......"

အမှိုက်ထုတ်များကိုလွှင့်ပစ်ပြီးသည်နှင့် နဖူးမှချေွးများကိုသုတ်လိုက်ပြီး လေပူမှုတ်ထုတ်လိုက်၏။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now