17.🐍

17.2K 1.7K 81
                                    

Zaw

သည်းသည်းမည်းမည်းရွာနေသောမိုးက စဲသွားသောအချိန်တွင် တစ်ညတာအလွန်၏လင်းရောင်နီပင်သန်းလာ၍ ရှေးရှုရောတစ်ခေတ်ပါ အေးခဲတော့မတတ်ချမ်းနေပြီဖစ်သည်။ ကျောင်းသားအဖွဲ့အားတာဝန်ခံထားသော ဆရာမများသည် ဒေသခံတချို့နှင့်Hotelဝန်ထမ်းများကိုအကူညီတောင်း၍ တောထဲဝင်ကာ သူတို့အားရှာတွေ့ချိန်တွင် တစ်ခေတ်က အဖျားတက်ကာ သတိလစ်နေပြီဖြစ်သည်။

အားကောင်းမောင်းသန်လူကြီးများက တစ်ခေတ်အား သယ်ရန်ပြင်ကြသော်လည်း ရှေးရှုမူကား တစ်ခေတ်ကို အထိမခံ။ တခိုက်ခိုက်တုန်နေသည်ြ့ကားမှ တစ်ခေတ်အား မရမကကျောပိုးလာခဲ့၏။ ထိုလူများမှာ ဖြူဖြူသွယ်သွယ်ကောင်လေးအား ဖျောင်းဖျ၍မရသောကြောင့် ဘေးကနေ ကြည့်နေကြရလေသည်။

Hotelသို့ ပြန်ရောက်လာကြချိန်တွင် နံနက်၅နာရီပင် ရှိသေးသည်။ တစ်ခေတ်၏ကိုယ်ပူချိန်မှာတျော စိုးရိမ်စရာကောင်းလောက်အောင် ထိုးတက်နေချေပြီ။
Hotelအနီးရှိ ဆေးပေးခန်းသို့ခေါ်သွားခဲ့ကြပြီး ဆရာဝန်က အဖျားပျောက်ဆေးထိုးပေး၍ သက်သက်သာသာ အနားယူကြရန်ပြော၏။

"လူနာကအအေးလွန်ပြီး အဖျားကြီးသွားတာ... နွေးနွေးထွေးထွေးလေးအနားယူလိုက်ရင် အဆင်ပြေလာလိမ့်မယ်... အခုတော့ အဝတ်အရင်လဲပေးထားဖို့ဘေးခဏဖယ်ပေးကောင်လေး"

ခြောက်သွေ့သန့်ရှင်းသောဝတ်စုံတစ်စုံအား ကိုင်ထားသောဆရာဝန်ကို ရှေးရှု ခပ်နက်နက်စိုက်ကြည့်လိုက်ပြီး ယဉ်ကျေးမှုမရှိစွာ ထိုဝတ်စုံအားလုယူကာပြောလိုက်သည်။

"ကျွန်တော်လဲပေးလိုက်မယ်"

ဆရာဝန်မှာ ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် မျက်ခုံးခပ်တွန့်တွန့်နှင့်ရှေးရှုကိုကြည့်၍ စိတ်ထဲခေါင်းခါရင်း လိုက်ကာအပြင်သို့ထွက်လိုက်၏။ တစ်ခေတ်အား အဝတ်လဲပေးပြီးသည့်နောက် ကျပ်ညှပ်နေသောကုတင်ပေါ်သို့ ရှေးရှုတက်သွားကာ လှဲချလိုက်သည်။

လက်မှလည်း တစ်ခေတ်နဖူးပေါ်ခပ်ပြေပြေတင်လိုက်ရင်း သက်ပြင်းချကာ တိုးကပ်အိပ်လိုက်လေသည်။

မနက်လင်းရင်တော့ အဖျားကျနိုင်ကောင်းပါရဲ့။

ဆရာဝန်မူကား အချိန်တစ်ခုကြာသည်အထိ အတွင်းမှတုံ့ပြန်မှုမပေးသော် လိုက်ကာဟပြီးအထဲဝင်ရန်ပြင်ခါမှ တွေ့လိုက်သောအနေအထားကြောင့် မျက်ခုံးပင့်၍ ပြန်လှည့်ထွက်သွား၏။ ငယ်ရွယ်သည့်ကလေးတွေက အချစ်ရေးမှာ ပိုမိုနစ်ဝင်တတ်မှန်း သူနားလည်လေသည်။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now