10.🐍

20.2K 1.9K 98
                                    

(Zaw)

ဟိုးလ်မြို့တော်.....

-
-
-

"လာ့ လား လား လာ, လာ လာ့ လာ့ လာ, လာလားလားလာလား, လာ့လာလာလား"

ကောလိပ်ဝင်ခွင့်အတွက် ပုစ်ဆာများကိုလေ့လာနေတုန်း နောက်ဖေးကနေ အဆက်မပြတ်ထွက်လာသည့်အသံကြောင့် တစ်ခေတ် မျက်ခုံးတွန့်ကုတ်လိုက်မိသည်။

အမောင်ရှေးရှုက ဘာတွေအူမြူးနေသည်မသိ။
မမောနိုင်မပမ်းနိုင် သံစဉ်တွေ သီဆိုကြူးလို့နေသည်။

ကြာတော့ တစ်ခေတ်သည်းမခံနိုင်တော့။

"ရှေးရှု"

"ဗ်ာ ဗ်ာ့ ဗ်ား"

"လာချင်လာ မလာချင်ပြန် ခဏလောက်
ပါးစပ်ပိတ်နေလို့ရမလား"

"လာ့ လား လား လာ, လာ လာ့ လာ့ လာ လာလားလားလာလား လာ့လာလာလား"

"ကျစ်! ငါနောက်နေတာမဟုတ်ဘူးနော်"

"သိပါတယ်ခင်ဗျာ"

"သိရင်ပိတ် ပါးစပ်ကိုပိတ်ပြီး ခဏလောက်တိတ်"

"Yes, sir"

ထို့နောက် စကားသံပျောက်ပြီး စင်းတီတုံးခုတ်သံ တဒုန်းဒုန်းအားကြားရပြန်လေသည်။

တစ်ခေတ် မဆိုသလောက်လေး ပြုံးလိုက်မိသည်။ ယခုဆိုလျှင် ရှေးရှုသူနဲ့အတူနေလာသည်မှာ ခြောက်လပင်ပြည့်ချေတော့မည်။

ထိုလတွေအတွင်း ရှေးရှုကသူ့ကို တစ်နေ့တစ်မျိုးမရိုးရအောင် နှောင့်ယှက်ဖို့တော့မမေ့။
ရှေးရှုကောင်းမှုကြောင့် သူအလုပ်ပြုတ်ပေါင်းလည်းမနည်းတော့။
အမှားလုပ်ပြီးသည်နှင့် မျက်နှာငယ်လေးလုပ်ကာ ပြန်ပြန်ချွဲတတ်သေးသည်။

"ကိုကို ရှေးရှုအကြောင်းတွေးနေတာလား"

"နောက်ဆယ်သက်စောင့်... အဲ့ခါကြရင် မင်းအကြောင်းတွေးဖို့အလှည့်ရောက်မယ်"

ဒီကောင်က သူဘာတွေးနေသလဲဆိုတာ မျက်နှာကိုကြည့်ယုံနှင့်တင် အကဲခတ်တတ်သေး၏။ Computerအား တချောက်ချောက်ပြန်နှိပ်ကာ လေ့လာစရာရှိသည်များကို ပြန်လေ့လာနေလိုက်သည်။
ဒီComputerအားရဖို့ သူ့မှာ ရှေးရှုအရှုပ်တွေကြားမှ မနည်းစုဝယ်ခဲ့ရသေးသည်။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now