နှလုံးသားထက် နှောင်ကြိုးမျှင် Part (1)U/Z

12.6K 168 3
                                    

            နှလုံးသားထက် က နှောင်ကြိုးမျှင်

                         အခန်း  (၁)

" သူဌေးမကြီး ထိုင်ပါ ခင်ဗျ။ ကျွန်တော်တို့ဆီလာတာ ဘာကိစ္စများရှိလို့လဲ ခင်ဗျ။သမီးကတော့ ကျောင်းသွားတယ်"

ဦးသက်ခိုင် သမီးလေးနဲ့အမှတ်မထင်သိခဲ့ ခင်မင်ခဲ့တဲ့ သူဌေးမကြီးက အိမ်ကိုရောက်လာတာကြောင့် နေရာ ထိုင်ခင်းပေး၍ ဧည့်ခံရင်း လာရင်းအကြောင်းကို မေးလိုက်သည်။

" အင်း... လာရင်းကတော့ တခြားမရှိပါဘူး။
လမင်းငယ်လေးကို ကျွန်မမြေးချွေးမလေးအဖြစ်လာတောင်းရမ်းတာပဲ။မောင်သက်ခိုင်လည်းသဘောတူပေးမယ်လို့ ထင်တယ်ကွယ့် "

ဦးသက်ခိုင်, မထင်မှတ်ထားသော စကားကို ကြားလိုက်ရတာမို့ အရမ်းလည်း အံ့သြသွားမိသည်။

" ဟိုလေ သူဌေးမကြီး ခင်ဗျ။ကျွန်တော် သမီးက အရမ်းပါသေးတယ်။ကျောင်းတောင်မှ မပြီးသေးပါဘူး။သမီးအတွက် လက်ထပ်ဖို့ဆိုတာ အရမ်းကိုငယ်လွန်းနေပါတယ်။နောက်ပြိီး ကျွန်တော်တို့ အခြေအနေနဲ့ သူဌေးမကြီးတို့ရဲ့ အခြေအနေတွေက အရမ်းလည်း ကွာခြားပါတယ်။အဲ့ဒါကြောင့် သမီးကို မြေးချွေးမတော်ဖို့ကို ပြန်စဥ်းစားပေးစေချင်ပါတယ်။သူဌေးမကြီးမှာ မြေးယောကျ်ားလေးက တစ်ယောက်ပဲရှိတယ်လို့သိပါတယ်။သူကလည်း သမီးကို သဘောကျရဲ့လားမသ်ိဘူး။သမီးနဲ့ဆို အသက်က အတော်လေး ကြီးမယ်ထင်တယ်။ငယ်ရွယ်သေးတဲ့ ကျွန်တော့် သမီးနဲ့ သူဌေးမကြီး မြေးက လက်တွဲလို့ဖြစ်နိုင်မယ်မထင်ပါဘူး ခင်ဗျ။ ကလေးတွေ ကိစ္စကို ပြန်စဥ်းစားစေချင်ပါတယ် "

ဦးသက်ခိုင်သည် နှစ်ဆယ်တောင်မရှိသေးသည့် မိတဆိုးသမီးလေးကို အိမ်ထောင်ချပေးရမှာ နှမြောတသဖြစ်မိ၏။အိမ်ထောင်ပေးဖို့လည်း အတွေးမရှိတာမို့ သူဌေးမကြီးကို ယဥ်းကျေးစွာဖြင့် ငြင်းဆိုလိုက်သည်။

" လမင်းငယ်နဲ့ ကျွန်မ မြေးနောင်တမန်တို့က
အသက်အရွယ် ကွာဟတာကို သိပါတယ် ။အဲ့ဒါက ကျွန်မအတွက် သိပ်အရေးမပါဘူး။ပြီးတော့ အခြေအနေချင်းက ကွာတယ်တဲ့လား။အဲ့​ဒါဆိုရင် လမ်းမှာမူးလှဲကျနေတဲ့ ကျွန်မကို အချိန်မှီဆေးရုံပို့ပေးခဲ့တဲ့ လမင်းငယ်ကရော အဆင့်အတန်းဆိုတာ ခွဲခြားခဲ့လို့လား။လမင်းငယ်က အဆင့်အတန်းထက် ကျွန်မ အသက်အန္တာရာယ်ကင်းဖို့ကိုပဲ ဦးစားပေးခဲ့တဲ့ ကလေးပါ။အဆင့်အတန်းဆိုတာကို မခွဲခြားခဲ့ဘူး။အဲ့လိုပဲ ကျွန်မလည်း အဆင့်အတန်းဆိုတာထက် လမင်းငယ်ကို မြေးချွေးမတော်ရဖို့ကိုပဲ ဦးစားပေးတယ်။အတုံ့အလှည့်ဆိုတဲ့ မေတ္တာတရားပေါ့ "

နှလုံးသားထက် နှောင်ကြိုးမျှင် CompletedWhere stories live. Discover now