နှလုံးသားထက်က နှောင်ကြိုးမျှင် Part (15)

2.2K 59 0
                                    

   💕 နှလုံးသားထက် က နှောင်ကြိုးမျှင်💕

                        အခန်း  (15)

💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑

" ဖေကြီး သမီးလေး ရောက်လာပြီလား။ဖေကြီး နားလာပါအုံး "

ဆေးရုံအခန်းထဲက ကုတင်ပေါ်မှာ ဆေးသွင်
းပိုက်တန်းလန်းနဲ့ ဖေကြီး က လကလေးကို
တွေ့တော့... မှိန်​ဖျော့နေတဲ့ မျက်ဝန်းတွေက
အရောင်လဲ့သွားသည်။လကလေးကို ဝမ်း
သာအားရဖြင့် လက်တစ်ဖက်က ဆန့်တန်းပြီ
း သူ့အနားကို လာဖို့ခေါ်သည်။လကလေး
လည်း မျက်ရည်တလည်လည် နဲ့ ဖေကြီး အ
နားကို သွားလိုက်ပြီး....

" ဟင့်.. ဟင့်ဟင့် ဖေကြီး ဘယ်လိုဖြစ်ရတာ
လဲ။ဘာလို့ မူးလဲသွားတဲ့အထိ နေမကောင်း
ဖြစ်သွားရတာလဲ ဟင် "

" ဘာလို့ ငိုရတာလဲ သမီးရယ်....။ ဖေကြီး ခေါင်းမူးပြီး မိုက်ခနဲဖြစ်လို့လှဲကျသွားရုံလေ
းဘဲ။တခြား ဘာမှမဖြစ်ပါဘူး။ဆေးရုံလာရတာကလဲ မောင်ဝင်းတို့ လင်မယားတွေ အ စိုးရိမ်လွန်ပြီး ဆေးရုံကိုအတင်းပို့ ရောက် လာရတာ။ပြီးတော့ လက်အနာခံပြီး ဒီဆေးကိုလည်း ချိတ်ခိုင်းလို့ ချိတ်ရသေးတယ် "

သူ့အနားလာကာ လက်ကိုဆုပ်ကိုင်ပြီး အငိုမျက်နှာလေးဖြင့် မေးလာတဲ့ သမီးလေး အာ
း စိုးရိမ်စိတ်ပူမှုလျော့အောင်... ဘာမှဖြစ်သလို ပြောလိုက်ရသည်။တကယ်လည်း သူ့
မှာ အလုပ်ပင်ပန်းလို့... သွေးပေါင်ကျကာ အားနည်းပြီး မူးဝေ၍ လှဲကျသွားရုံလောက်
သာဖြစ်တာပါ။နေ့စားအလုပ်သမား လင်မ
ယားက အစိုးရိမ်တွေလွန်ပြီး သတိခဏမေ့
သွားတာကိုး ဆေးရုံကို ခေါ်လာလို့သာ ရော
က်လာရတာပါ။သူ့မှာ ဘာရောဂါမှ ကြီးမား
မားမရှိပါဘူး။

" ခေါင်းမူးပြီး ဘာကို ဘာမှမဖြစ်ရမှာလဲ ဖေကြီးရဲ့... ခေါင်းမူးပြီး လဲကျတဲ့ အချိန်အနား
အနားမှာသာ ဦးဝင်းတို့မရှိရင် ဟင့်.. ဖေကြီး
ဘယ်လိုလုပ်မလဲ။လကလေး တွေးတောင်မ
တွေးရဲဘူး။ဆရာဝန်ကရော ဘာတွေထပ်ကုသဖို့ လိုသေးတယ်လို့ ပြောသေးလဲ။ဆရာ
ဝန် ပြောသမျှကို အကုန်လုပ်ရမယ်နော် ဖေကြီး "

" ဆရာဝန် က စိုးရိမ်စရာတော့ မရှိဘူးတဲ့။
ဆေးချိတ်ပြီး ကောင်းကောင်းအနားယူခိုင်း
ထားတယ်။ဆရာဝန်ကတော့.. အခုတစ်ညတော့ ဆေးရုံမှာနေစေချင်သေးတယ်။ဒါမယ့်
သမီး ဖေကြီး လူဂွစာကြီး လက်ကသွင်းထား
တဲ့ ဆေးကုန်တာနဲ့ အိမ်ပြန်မယ်ပြောနေလို့
ဦးဝင်တို့မှာ ညအတွက်ယူလာတဲ့ ပစ္စည်းတွေပြန်သိမ်းပြီး ထုတ်ပိုးထားရတယ် "

နှလုံးသားထက် နှောင်ကြိုးမျှင် CompletedWhere stories live. Discover now