နှလုံးသားထက်က နှောင်ကြိုးမျှင် Part (22)

2.1K 55 0
                                    

    💕 နှလုံးသားထက် က နှောင်ကြိုးမျှင်💕

                        အခန်း  (22)

💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑

" အစ်မ အခုမှသက်သာလာစပဲရှိသေးတာ
ကို ရန်ကုန်ပြန်လို့ဖြစ်မလား။နေအရှင်းကော
င်းမှ ပြန်ရမယ် "

" မိမိငယ်ရေ ညည်းငါ့ကို စိတ်ပူလို့ ပြန်မလွှတ်တာကို သိတယ်။ဒါမဲ့ ငါ့စကားကိုအ လေးမထားဘဲ သူလုပ်ချင်တာကို လုပ်နေတဲ့
နင့်တူ နောင်တမန်ကို နရင်းအုပ်ချင်လို့ပြန်မှာ ဟေ့။ငါပြန်မှာကို တားဆီးတဲ့ သူက ငါ့ရန်သူပဲ။အဲ့ဒါ​ကြောင့် ငါ့နဲ့ရန်သူဖြစ်ချင်ရင်
ငါ ပြန်မှာကို တားကျ "

ဒေါ်မိမိခင် သတိပြန်ရလာလာခြင်းမှာပဲ....
မြေးဖြစ်သူရဲ့ သတင်းစာရှင်းလင်းပွဲ ဗီဒီရိုကိုကြည့်မိတော့... သူ သဘောမကျပါဘူး လမ်း
ခွဲပါ၊အဆက်ဖြတ်ပါလို့ ပြောထားတဲ့ကြားက
နေ ခင်ပပ ကို ကုမ္ပဏီရဲ့မော်ဒယ်အဖြစ် စာ ချုပ်ချုပ်ဆိုတယ်တဲ့ မြေးကို အလွန်တရာ
မှ ဒေါသထွက်ရပြီး... လုပ်ချင်တိုင်းလုပ်နေတဲ့ မြေးကို ဆူပူကြိမ်းမောင်းချင်တာကြောင့်
အိမ်ကိုပြန်ဖို့ ညီမဖြစ်သူကို တာဆူနေမိသည် ။

" အစ်မ အဲ့သလောက်မှ ပြန်ချင်နေတယ်ဆိုရင်လည်း ပြန်ပါ။မိ မတားပါဘူး။ဒါမဲ့ ​ဒီနေ့တော့ ပြန်ဖို့က အချိန်အရမ်းနောက်ကျနေပြီ၊
တစ်ညလုံးကားမောင်းရင် မနက်ရောက်တ ယ်ဆိုပေမဲ့ အစ်မ ပင်ပန်းရလိမ့်မယ်။အဲ့ဒါကြောင့် မနက်ဖြန်ကျမှ မန္တလေးကနေ ရန်ကုန်ကိုလေယာဥ်နဲ့ပြန်ပါ။အခုတစ်ညတော့ မိတို့ဆီမှာပဲ နေလိုက်ပါအုံး "

ဒေါ်မိမိခင် နေသိပ်မကောင်းသေးတဲ့ အစ်မ
ကို ပြန်လွှတ်ဖို့ စိတ်မချသေးတာကြောင့်... ကားနဲ့ ရန်ကုန်ပြန်ဖို့လုပ်နေတဲ့ အစ်မကို အခု
တစ်ညနေဖို့ တားနေရသည်။

" အေး တစ်ညတော့နေမယ် ဟေ့။မနက်မိုး လင်းရင်တော့ ငါ့ကို ပြန်ဖို့လုပ်ပေးကျ... "

" မိ လုပ်ပေးပါမယ်။အခု​တော့ မနက်ဖြန်ဖို့
အတွက် အစားလေးဘာလေးစားပြီး အား မွေးပါအုံး "

" အင်း... ဘာစားရမလဲ ပေး။ဟိုကောင်ကို
ထုရိုက်ဖို့ အားရှိအောင် ဒီကနေ အစားများ
များစားသွားရမယ်။ငါ့ စကားနားမထောင်တဲ့ ကောင်စုတ်လေး ရန်ကုန်ပြန်ရောက်လို့က
တော့ ဒင်း သေပြီသာမှတ်... "

နှလုံးသားထက် နှောင်ကြိုးမျှင် CompletedWhere stories live. Discover now