နှလုံးသားထက်က နှောင်ကြိုးမျှင် Part(13)

2.3K 69 2
                                    

  💕 နှလုံးသားထက် က နှောင်ကြိုးမျှင်💕

                        အခန်း  (13)

💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑

" သူ နဲ့ ရင်းနှီးတယ်လား "

စီနီယာ လကလေး အနားကနေ ဆိုင်ကယ်
မောင်းထွက်သွားချိန်... အန်တီကြီး တစ်ယောက်ရောက်လာပြီး စီနီယာ ထွက်သွားတဲ့
လမ်းဘက်ကို မေးထိုးပြ၍ မေးသည်။

" ရှင်... ဘယ်သူ့ကို ပြောတာလဲ မသိဘူး
အန်တီ "

" သမီး နဲ့ စကားပြောပြီး ဆိုင်ကယ်မောင်း
ထွက်သွားတဲ့ တစ်ယောက်ကိုပြောတာ။သူ နဲ့
သိလား "

" စီနီယာ ကို လား။ ဟုတ် သိပါတယ်။လက​
​လေး ရဲ့ အလုပ်ရှင် ပါ အန်တီ "

" စီနီယာ အလုပ်ရှင်တဲ့လား။ဒါဆို တခြားသူ
တွေထပ်တော့... ပိုရင်းနှီးမှုရှိတဲ့ သဘောပေါ့
။ အန်တီ ပြောတာ မှန်တယ်မလား သမီး "

​တည်ငြိမ်အေးဆေးတဲ့ မျက်နှာသွင်ပြင်လေး
နဲ့ ချစ်စဖွယ်မျက်နှာလေး နဲ့ မိန်းကလေး ကို
ခင်မင်ချင်မိတာမို့ စကားကို ရင်းရင်းနှီးနှီး
သာ ပြောလိုက်သည်။

" ရှင်.. ဟို နည်းနည်းလေးပဲ မှန်ပါတယ် အန်တီ "

"  နည်းနည်းလေးပဲ မှန်တယ်ဆိုတာက ဘာကို ပြောတာလဲ "

" စီနီယာနဲ့က သိရုံအဆင့်လောက်ပဲ ရှိပါတယ်။အဲ့ထက်တော့ မပိုပါဘူး အန်တီ "

" ဟုတ်လား။ဒါပေမဲ့လည်း သမီးကတော့...
တခြားသူတွေထက် ပိုရင်းနှီးမှာပါ။စီနီယာ
တစ်​ယောက်ဖြစ်တဲ့ အပြင် အလုပ်လည်းအ
လှပ်ရှင်ဆိုတော့လေ "

" ဟုတ် နည်းနည်းလေးပါ အန်တီ "

" ကျောင်းမှာရော သားက စာလုပ်ရဲ့လား။
အန်တီက သားကို ဒီနှစ်အောင်စေချင်ပြီ သူ့
အသက်ကလည်းမငယ်တော့ဘူးလေ "

" စီနီယာ က စာ သိပ်မလုပ်ဘူး။ဒါနဲ့ အန်တီ က ဘယ်သူများလဲ ရှင့် "

" အဟင်း.. ဟုတ်သား မိတ်ဆက်ပေးရအုံး
မှာပဲ။အန်တီက အဂ္ဂကို ရဲ့ အဒေါ်ပါ။သား
ကို လွမ်းလို့လာတာပေမဲ့ သူ က အပြင်သွား
တော့ မတွေ့လိုက်ရဘူးလေ။အခုတော့ တွေ့
တဲ့ သူလေးကိုပဲ ပေးခဲ့ရတော့မယ်။ဒါလေး "

နှလုံးသားထက် နှောင်ကြိုးမျှင် CompletedWhere stories live. Discover now