နှလုံးသားထက်က နှောင်ကြိုးမျှင် Part (28)

2K 58 2
                                    

   💕နှလုံးသားထက် က နှောင်ကြိုးမျှင်💕

                       အခန်း  (28)

💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑

" ဝူး... ဝေါး...။တီ.... တီတီ... တီ။ဝူး.... "

ငယ် တခြားသူကို တမြတ်တနိုး​နဲ့ နမ်းနေတာ
ကို မြင်ခဲ့ရတဲ့ နောင်။ကမ္ဘာကြီးပျက်ယွင်းသွားသည့်အလား ရင်တွင်းမှာပူလောင်သော
ကပွေနေလို့ပြီး... ကားကိုပင် အသိမရှိတော့တဲ့ သူအလား... အရှိန်နူန်းမြင့်မြင့်ဖြင့်မောင်း နှင်နေမိတော့သည်။

" ဘာလဲ ဟ။ဟိုကားက ဒီလောက်လမ်းအ ကျယ်ကြီးကို ဟွန်းစွတ်တီးပြီး အကြမ်းအ
တမ်းမောင်းနေရတာလဲ။သေချင်နေတာလား။ "

ကားကို လမ်းကြောင်းမှန်မှန် နဲ့ မောင်းနေသူ
များသည်... အရှိန်နူန်းမြင့်မြင့်နဲ့ တရကြမ်း
မောင်းနေတဲ့ နောင့် ကား​ကို စိတ်ရှုပ်၊ဒေါသ ထွက်နေကြသည်။တချို့ကလည်း ကျော်တ
က်၍ မောင်းနှင်သွားကြသည်။

ခင်ပွန်းဖြစ်တဲ့ ကိုယ့်ကိုတောင်မှ တစ်ခါမှအနမ်းမပေးဖူးတဲ့... ဇနီးသည် ငယ် က တခြားသူကို အနမ်းပေးတယ်တဲ့။အဲ့ဒါကလည်း သူ့ရှေ့မှာမှတဲ့လား။ငယ့် ကို သူ မချစ်ဖူးလို့ထင်ထားခဲ့တဲ့ သူ့ အထင်က မှားနေခဲ့သည်။

ငယ် တခြားသူကို နမ်းနေတာ မြင်လိုက်ရတဲ့
အခိုက်အတန့်လေးမှာ ရင်ထဲ၌ခံစားလိုက်ရတဲ့... ခံစားချက်ကြောင့် သူ သိလိုက်သည်က ငယ့် ကို သူ ချစ်နေမိပြီဆိုတာပါပဲ။ဘယ်အချိန်က ဘယ်လို စချစ်နေမိတာလဲဆိုတာကို သူ မသိပေမဲ့... အခု သူ အတွေးထဲမှာရှိနေတာကတော့... ငယ့်ကို သူဆုံးရှုံးလိုက်ရပြီဆိုတာပါပဲ။ထိုအတွေးနဲ့တင် လူက ဆောက် တည် ရာမရဖြစ်လို့နေရ၏။

.......................................

" စီနီယာ "

" ဟင်... နန်းနန်း ပါလား။စီနီယာ လကလေး
အရင်ဝင်နှင့်ပြီ "

ကျောင်းရောက်လို့ ဆိုင်ကယ်ပေါ်က ဆင်းရုံ
ရှိသေးသည်။စီနီယာလို့ခေါ်ပြီး ဆိုင်ကယ်အ နားကို မပြေးတမယ်လာနေတဲ့ နန်းနန်းကြော
င့်... လကလေး စီနီယာ ကို ထားခဲ့ပြီး ရှောင်ထွက်လာခဲ့လိုက်သည်။

နှလုံးသားထက် နှောင်ကြိုးမျှင် CompletedWhere stories live. Discover now