နှလုံးသားထက်က နှောင်ကြိုးမျှင် Part (34)

1.5K 40 0
                                    

   💕နှလုံးသားထက် က နှောင်ကြိုးမျှင် 💕

                       အခန်း  (34)

💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑

" ဘော့စ်ရော ညီမလေး။ "

" နံနက်စာစားပြီးကတည်း ​အိမ်အောက်ဆင်း
သွားတာ အခုထိမတွေ့သေးဘူး။ဘယ်သွား
နေတာလဲ မသိဘူး။လကလေး လိုက်ရှာလို
က်အုံးမယ်။ပန်းခင်းထဲ ဖေကြီးသွားလို့လိုက်
သွားတာလား မသ်ိဘူး။ "

" ဒါဆို အစ်ကို အိမ်ပေါ်ကနေပဲ ထိုင်စောင့်
လိုက်မယ်။ "

" ဟုတ်ကဲ့ "

လကလေး အစ်ကိုထက်နိုင် ကို ပြောပြီး...
အိမ်နောက်ဘက်ရှိ ​ပန်းခင်းထဲဆီကို လိုက်
သွားဖို့... အိမ်ပေါ်ကဆင်းခဲ့လိုက်သည်။

" ဘယ်သွားမလို့လဲ ငယ်။ "

" ဟင်!.. ဦးနောင်။ "

အိမ်ရှေ့ဖိနပ်ချွတ်ဆီကိုပဲ ဆင်းရသေးသည်
ပန်းခင်းဘက်ကနေ ပြန်လာတဲ့ ဦးနောင်နဲ့တန်းတွေ့တော့သည်။

ဦးနောင်ဆိုပြီး သူမေးတာကို ဘာမှမပြောတဲ့
ငယ်အနားကို တိုးသွားလိုက်ပြီး...

" ဘယ်သွားမလို့ အိမ်ပေါ်ကဆင်းလာတာလဲ
လို့ ကိုယ် မေးနေတယ်လေ။ "

" လကလေး ဦးနောင်ဆီကို လိုက်လာမလို့ပါ
။အိမ်ပေါ်မှာ အစ်ကိုထက်နိုင် ရောက်နေတယ်။ "

" ဟုတ်လား။ "

" အင်း။လကလေး က အိမ်မှာရှိတဲ့ အဝတ်စားနဲ့ ကျောင်းသွားဖို့ လဲပြီးပြီ၊ဦးနောင်ပဲ လဲ
ဖိုကျန်တော့တယ်။ "

" ကိုယ် အမြန်လဲလိုက်မယ်။ "

" အင်း.. "

" ခဏလေး ငယ်။ "

အိမ်ပေါ်ပြန်တက်ဖို့ လုပ်နေတဲ့ လကလေး...
ဦးနောင်ဆီက ခဏလေး ငယ်ဆိုတဲ့စကား
ကြောင့်.. လကလေး နောက်ကိုပြန်လှည့်ကြ
ည့်လိုက်ရာဝယ်...

" ဟင်!... ဒါက!... "

ဂန္ဓမာပန်းဖြူဖြူပန်းစည်းလေးကို လကလေ
းရှေ့ဆီ ကမ်းပေးနေတဲ့ ဦးနောင်ကြောင့်..
တအံ့တသြလေးဖြစ်သွားရသည်။

" ငယ်အတွက် ကိုယ် ကိုယ်တိုင်ခူးလာတာ။
လှတယ်မလား။ "

" အင်း.. လှတယ်။ကျေးဇူးပါ ဦးနောင်။ "

နှလုံးသားထက် နှောင်ကြိုးမျှင် CompletedWhere stories live. Discover now