နှလုံးသားထက်က နှောင်ကြိုးမျှင် Part (25)

2.3K 64 1
                                    

   💕နှလုံးသားထက် က နှောင်ကြိုးမျှင်💕

                        အခန်း  (25)

💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑

🎼ခါးကလေးလှုပ်ခါ လမ်းလေးလျှောက်သွားရင် ကောင်လေးတွေကြည့်တယ်။🎼

🎼မျက်လုံးလေးတစ်ဖက်ကို မှိတ်ပြလိုက်ရင် တစ်ပုံကြီးပါလာမယ်။🎼

🎼 ကျွန်မရဲ့အသက်အရွယ် ကလေးလေးမ
ဟုတ်တာ သူတို့တွေသိတယ်။🎼

🎼ချစ်တဲ့စိတ်တွေ အသည်းထဲရှိတာ ယုံစမ်
းပါ ရှင်ရယ်။🎼

" အဟင်း... သီချင်းဆိုနေပုံထောက်ရင် ပျော်စရာတွေရှိနေတယ်ထင်တယ် "

ဦးအဂ္ဂခေါင်သီချင်းတညီးညီးနဲ့ရှိနေတဲ့ ခင်
ပပ ကို ခပ်မဲ့မဲ့အပြုံးဖြင့် ပြောလိုက်သည်။

" ဟင်... ကို   ကိုကြီး ဘယ်တုန်းကရောက်နေ
တာလဲ။လာမယ်ဆိုတာ ဘာလို့ ပ ကို ကြိုမ
ပြောရတာလဲ။အခုလို ဘာမပြော ညာမပြော
နဲ့ အခန်းထဲဝင်လာတော့... ပ ဘယ်လောက်လန့်သွားရတယ်ဆိုတာ ကိုကြီး သိရဲ့လား "

ရေချိုးပြီးစ ပ အဝတ်ဗီရိုမှာ ဝတ်ဖို့ အဝတ်ထုတ်ရင်း သီချင်းညီးဆိုနေချိန်.... ဘယ်အ ချိန်ကရောက်လာတယ်မသိရတဲ့ ဦးအဂ္ဂခေါ င် ကို အခန်းဝမှာ လက်ပိုက်နဲ့ရပ်နေတာတွေ့လိုက်ရလို့ အတော်လေးလန့်သွားရ၏။လန့်လည်းလန့်သွားရသလို အရင်အတိုင်းပဲလာ
တယ်ထင်မိပြီး...အမူပိုပိုနဲ့စိတ်ကောက်အလို မကျတဲ့ မျက်နှာအမူအရာနဲ့ ဦးအဂ္ဂခေါင်
အား ခင်ပပ ပြောလိုက်သည်။

ဦးအဂ္ဂခေါင် အရင်က သူအရမ်းစွဲလမ်းခဲ့မိတဲ့ ခင်ပပရဲ့ ရေချိုးပြီးစပုံသဏ္ဍန်က... အခုချိန်မှာ သူ့အတွက်အရမ်းကိုမှ ရွံမုန်းစရာအ
တိဖြစ်နေ၏။ထိုရွံမုန်းစရာကောင်းတဲ့ ခင်ပပ
ကို ရွံရှာနေတဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး....

" ငါ့တိုက်ခန်း ငါလာတာ မင်းဆီက ခွင့်ပြု
ချက်ယူဖို့သေးလို့လား ပိုင်လုံးမ "

ပ အနားကို ဒေါသမာန်ထန်နေတဲ့ မျက်လုံး
တွေနဲ့ တိုးလျှောက်တဲ့... ဦးအဂ္ဂခေါင် နူတ်မှပြောလိုက်တဲ့ စကားကြောင့်... ပ မျက်လုံးတို့ ပြူးကျယ်ဝိုင်းစက်လို့သွားရပြီး...

နှလုံးသားထက် နှောင်ကြိုးမျှင် CompletedWhere stories live. Discover now