နှလုံးသားထက်က နှောင်ကြိုးမျှင် Part (9)

2.3K 61 4
                                    

  💕 နှလုံးသားထက် က နှောင်ကြိုးမျှင်💕

                         အခန်း  (9)

💕🍑💕🍑💕🍑💕🍑💕🍑💕🍑💕🍑

ခရီးသွားရမယ်ပြောတာကို မျက်လုံးလေး
တွေ ပြူးဝိုင်းပြီး သူ့ကို ကြည့်လာတဲ့ ချာတိ
တ်။

" အဟင်း...   ကိုယ် ခရီးသွားမယ်ပြောတာကို ဘာလို့ အရမ်းကြီး အံ့ဩရတာလဲ ချာတိတ် "

" ဟို.. ဟို မထင်ထားတဲ့ စကားမို့ပါ။ပြီးတော့
ခရီးသွားမယ်လို့လဲ ပြောသံမကြားမိပဲ ရုတ်
တရပ်ကြီး ပြော... ပြောလာတော့လေ "

" အင်း   ကိုယ်အတွက်လည်း မထင်တာဘဲ သွားရတဲ့ ခရီးလေ "

" ဟို   ခရီးသွားရတာကလေ အရမ်းအရေးဘကြီး တဲ့ ကိစ္စကြောင့်လား ဟင် "

" အင်း   ဘယ်​လိုပြောရမလဲ... ကိုယ့် ဘဝအ
တွက် အရမ်းအရေးကြီး တဲ့ ခရီးစဥ်ပေါ့။ဒါနဲ့
ချာတိတ် ပြောစရာရှိတယ်ဆိုတာ ပြောလေ "

ဦးနောင် ရဲ့ စကားတွေကိုကြားပြီးနောက်...
အလုပ်ရှုပ်နေတဲ့ ဦးနောင် ကို အနှောက်အယှ
က်မဖြစ်စေရန်.... လကလေး သူငယ်ချင်းတွေကို မုန့်ကျွေးဖို့ခဏလိုက်ခဲ့ပေးပါဆိုတဲ့... စကားကို မပြောတော့ဖို့... ရင်ထဲမှာ သေချာစွာ ဆုံးဖြတ်လိုက်ပြီး....

" အဲ  အဲ့တာက အရေးတကြီးမဟုတ်လို့လေ
နောက်မှပဲ ပြောတော့မယ်​။မနက်ဖြန်ခရီးထွ
က်ရမှာဆိုတော့...အဝတ်စားတွေထည့်ရမယ်
မလား။လကလေး ဘာကူပေးရမလဲ ပြောပါ
ဦးနောင် "

" ရတယ် ချာတိတ်။ကိုယ့်ဘာသာ ထည့်မယ်
။ချာတိတ် ဘာသာ လွတ်လွတ်လပ်လပ်နေပါတယ် " ချာတိတ် ကို ပြောပြီးတာ နဲ့ နောင် ခရီးဆောင်အိတ်ထဲကို အဝတ်စား နဲ့ အသုံး အဆောင်ပစ္စည်းတွေ စထည့်လိုက်သည်။

" ဟုတ်... "

ဦးနောင် ပုံက လကလေး ကို ရှောင်ဖယ်ကာနေချင်သလို... စကားကိုလည်း မလွဲသာလို့
ပြောရသည့် ပုံမျိုးဖြစ်နေတာကြောင့် ကျက်
စာအုပ်လေး ယူကာ... ဝရံတာဆီ ထွက်ခဲ့လို
က်သည်ကချစ်ရသူ၏ စိမ်းကားမှုတွေကြောင့် မျက်ရည်ကြည်လေးများ ကျလုနီးနီးဖြင့်....

နောင် အင်္ကျီတွေကို ချစ်သူ ပ ကြိုက်သည့်
အရောင်ကိုသာ ဦးစားပေးရွေးထည့်လိုက်
သည်။ခရီးအတွက် အကုန်အပြည့်အစုံထည့်
ပြီးနောက် ရေမချိုးရသေးတာ မို့ ရေချိုးခန်းဝင်လိုက်သည်။

နှလုံးသားထက် နှောင်ကြိုးမျှင် CompletedWhere stories live. Discover now