Ep-1

5.3K 152 6
                                    

💒နှောင်ကြိုးဖွဲ့ ဧည့်သည်💒

         %~%~🎈Ep-1🎈~%~%

ရိပေါ်အတွက် မနက်စောစော

breakfast ဝိုင်းမှ ကြားရသည့်စကားက

ယောက်ျားတစ်ယောက်နှင့် မဖြစ်မနေလက်ထပ်ရမည်တဲ့။

ထိုယောက်ျားကလဲ ရိပေါ်အရင်းနှီးဆုံး

ငယ်သူငယ်ချင်းဖြစ်သူ ကျန့်တဲ့လေ။

မဖြစ်နိုင်တာကြီးကို ဇွတ်လုပ်ချင်နေကြသည့်

ခေတ်မီလွန်းလှသည့် မာမားနှစ်ယောက်ကို ရိပေါ် ဘယ်လိုအနိုင်တိုက်ရမည်မသိ။

"ကျန့်......ထိုင်နေကြဆိုင်ကိုလာခဲ့"

ရိပေါ်အသံ ဒီလောက် ဒေါသထွက်နေပုံထောက်ရင် လက်ထပ်ဖို့ကိစ္စ သိပြီးလောက်ပြီပေါ့။

'စိတ်မကောင်းပါဘူး ရိပေါ်။ ငါက မင်းကို ချစ်နေခဲ့မိလို့'

ဒါဟာ ရိပေါ်ကို မသိစေချင်သော ရှောင်းကျန့်၏ အတွေး။

တိတ်ဆိတ်အေးချမ်းမှုကိုကြိုက်သည့် ရိပေါ်အတွက် ဒီဆိုင်လေးက ကျွန်တော်ကိုယ်တိုင် ဒီဇိုင်းဆွဲပီး ဆောက်ခဲ့တဲ့ ဒုတိယ လက်ရာပဲ။

ပထမလက်ရာလေးက ဘာလဲဆိုတာ

မကြာခင်သိရမှာပါ။

တည်ငြိမ်လွန်းလှတဲ့ မျက်နှာပိုင်ရှင်က ခုများကြတော့ စိတ်ရှုပ်ထွေးမှုအပြည့်။

"ကျန့်.......မင်းရော သိပြီးပြီလား"

"ဘာကိုလဲ ရိပေါ်"

မသိချင်ယောင်ဆောင်ပြီးမေးလိုက်တော့ ကျစ်တစ်ချက်သတ်ကာ

"မင်းနဲ့ ငါ လက်ထပ်ရမယ်ဆိုတဲ့ကိစ္စ"

"အင်း"

တည်ငြိမ်လွန်းစွာ ပြန်ဖြေမိတော့ ရောက်လာတာက အကြည့်စူးစူးတစ်ချက်

"ငါလဲ စောနကမှ မားဖုန်းဆက်လို့သိရတာ"

လိမ်ညာမိလို့ sorryပါရိပေါ်။ မင်းကို ချစ်လွန်းလို့ပါ။

"အဲ့တာ မင်းရောသဘောတူလား"

မေးတတ်ရန်ကော ရိပေါ်ရယ် ။ ငါက လက်ထပ်ပေးဖို့တောင်းဆိုသူလေ။

နှောင်ကြိုးဖွဲ့ ဧည့်သည် (Completed)Where stories live. Discover now