Ep-10

2K 83 0
                                    

နှောင်ကြိုးဖွဲ့ ဧည့်သည်

          %~%~Ep-10~%~%

လူရှင်းသော LIFE ကဖေးဆိုင်လေး၌

သာမန်ထက် ချောမောပြီး တည်ငြိမ်သောအသွင်ဖြင့် မိန်းမချောတစ်ဦးနှင့်

ရှေ့မှာရှိသော ကော်ဖီနှင့်မုန့်ကို အားပါပါနဲ့ ခေါင်းမဖော်စတမ်းစားနေသော    ဝဝတုတ်တုတ် ရုပ်ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်။

မိန်းမချောမေးသမျှကို သူသိသမျှ ဖြေပေးနေသော ဝတုတ်မလေးကြောင့် မေးရသူ မိန်းမချောခမျာ ကျေးဇူးတင်နေမိသည်။

ထိုကော်ဖီဆိုင်လေးမှအပြန် မေသိလိုက်ရသည်က

ဘယ်ရီက ဝမ်ရိပေါ်ကို တစ်ဖက်သတ်စိတ်ဝင်စားနေခဲ့ကြောင်း၊ထိုအကြောင်းကို ရိပေါ်က မသိကြောင်း၊

ရိပေါ်နဲ့အမြဲတပူးပူးတတွဲတွဲဖစ်နေတတ်သော ရှောင်းကျန့်ကိုလဲ ဒုက္ခပေးခဲ့ဖူးကြောင်း၊

ထိုနေ့က လွဲသွား၍ ဘယ်ရီဆင်သော အကွက်ထဲသို့ ရှောင်းကျန့်ဝင်မလာခဲ့၍ သတိမထားမိတာဖြစ်ကြောင်း၊

တစ်ခါတစ်ခါ သူမကိုတောင်အကပ်မခံဘဲ တစ်ပါတ်လောက် အခန်းထဲ အမှောင်ချနေတတ်ကြောင်း၊

ရိပေါ်နှင့် စကားပြောနေသည်ဟူ၍ တစ်ယောက်ထဲ စကားပြောနေတတ်ကြောင်း၊ စိတ်ကောက်နေတတ်ကြောင်း၊

ရိပေါ်အတွက်ဆိုပြီး လက်ဆောင်များဝယ်ကာ ပေးဖို့သွားလျင် ရိပေါ်ရှေ့မရောက်ဘဲ ပြန်ယူလာတတ်ကာ အိမ်ထဲတွင် ငိုနေတတ်ကြောင်း၊

စသည်ဖြင့် စိတ်ဝေဒနာခံစားနေရသော ဘယ်ရီ့အကြောင်းများပင်။

ဒါဆို သူမကို ပြန်ပြောနေတတ်သည့် ဝမ်ရိပေါ်နှင့်ဘယ်ရီ့အကြောင်းဆိုသည်မှာ ဘယ်ရီ၏ တစ်ဖက်သတ် စိတ်ကူးယဉ်ထားသော ဇာတ်လမ်းတစ်ပုဒ်ပင်။

ဒါကြောင့် ဘယ်ရီစိတ်ကြည်နေတုန်း

"မပြောပါနဲ့ကျဲကျဲ..တကယ်တော့ ရိပေါ်က ဘယ်ရီ့ကိုတောင်မသိပါဘူး။ ရိပေါ်ကိုမုန်းတယ်လို့ပြောတာလဲ....ဟို...လူ...လူ..ယုတ်မာ....ကောင်....တွေ...ကြောင့်...အား.!!!!....မလာနဲ့ ..ဟင့်...ဟင့်.တောင်းပန်ပါတယ်။"

နှောင်ကြိုးဖွဲ့ ဧည့်သည် (Completed)Where stories live. Discover now