Ep-19

1.2K 53 2
                                    

နှောင်ကြိုးဖွဲ့ ဧည့်သည်

             %~%~Ep-19~%~%

"Wow~~မောင် လာဒီဘက်ကို ဟိခ်"

"ကျန့် မောင့်ကိုစောင့်အုံးလေ"

"ဟား..ဟား...မှီအောင်လိုက်လေမောင်ရဲ့။ မမှီရင်တော့ ညစာငတ်မယ်မှတ်..ဟား..ဟား.."

"ကျန့်.....မညစ်နဲ့ကွာ မောင်က ဘောကွင်းကြီးနဲ့ ကျန့်ကို ဘယ်လိုမှီမှာလဲ"

"ဒါကတော့ .....အား....မောင်"

"ဟား...ဟား..မိပြီ။ မွခ်ျ...မွခ်ျ"

"မောင်....ဟိုမှာ ဘောကွင်း ရေထဲမျောသွားပြီ။ လွှတ်အုံးလို့.."

"Noပါ။ ပြီးမှ မောင်သွားကောက်ပေးမယ်။ ခုတော့ ပြွတ်စ်"

"မောင်....လူတွေအများကြီးပဲလေ။ ပြီးတော့ ကိုယ့်နိုင်ငံလဲ မဟုတ်ဘူး"

ကမ်းခြေမှာ အပျော်ကျူးနေရင်း မောင်က နမ်းလိုက်သောကြောင့် ကျန့်တစ်ယောက် ခပ်စူစူလေးဖြစ်နေချေပြီ။

ယဉ်ကျေးမှုကို ဦးစားပေးတဲ့ ဒီနိုင်ငံမှာ မောင်က အရှက်မရှိ လူကြားထဲ လာနမ်းနေသည်။ တကယ်ပါပဲ မောင်ဟာလေ။

......

ချောင်းသာ ကမ်းခြေရဲ့ ညနေ နေဝင်ချိန်အလှဟာ တကယ်ပဲ လှပပါသည်။

တသွင်သွင်တိုက်ခတ်နေတဲ့ ပင်လယ်လေ အေးအေးကလဲ တလောကလုံးကို အေးချမ်းစေသလို။

ကျောက်ဆောင်ပေါ်တည်ထားသော စေတီတော်လေးမှာလဲ တကယ်ကို ရွှေရောင်တဝင်းဝင်းနှင့်။

ပိုမိုပြည့်စုံအောင်ပံ့ပိုးပေးထားသည်က ရုပ်လုံးကြွလှသော နဂါးမင်းပုံတော်။

ဟိုးတော်တော်ဝေးဝေးမှာ မြင်နေရသော ကျောက်မောင်နှမခေါ် ကျောက်ဆောင်နှစ်ခုမှာလဲ တကယ်ပင် မောင်က နှမကို ပိုးချီထားသလို။

ခဲရောင်လွင်လွင်လေးဖြင့် လှပစွာ ဆောက်လုပ်ထားသောဘန်ကလိုလေးများမှာလဲ ကျောက်ဆောင်များအနီး စီရရီ။

ထိုနေရာနှင့် မရှေးမနှောင်းရှိ ကမ်းခြေဆင်စခန်းမှာလဲ ဖွံ့ထွားထွား ဆင်ပေါက်ကလေးများက တကယ်ပင် အားမာန်အပြည့်နှင့်။

နှောင်ကြိုးဖွဲ့ ဧည့်သည် (Completed)Where stories live. Discover now