Ep-4

1.9K 110 0
                                    

နှောင်ကြိုးဖွဲ့ ဧည့်သည်

       %~%~Ep-4~%~%

o==[]::::::::::::::::>o==[]::::::::::::::::>

ရိပေါ်နဲ့ လက်ထပ်ထားတာ ဘာလိုလိုနဲ့ 6 လတောင်ကျော်နေပြီ။

တစ်ခါတစ်ခါရိပေါ်ရဲ့အပြုအမူတွေက နူးညံ့လာသလို  တစ်ခါတစ်ခါလည်း ကျန့် နားမလည်နိုင်အောင် ခက်ထန်နေတတ်သည်။

အခု ရိပေါ်နဲ့ ကျန့်ရဲ့ အိမ်ထောင်သက်တမ်း 6လ ကျော် အတောအတွင်း

ရိပေါ်က ကလပ်မှာမူးရူးနေအောင်သောက်တယ်။

မိန်းကလေးတွေဆိုလဲ တစ်ည တစ်ယောက်ပဲ။ ခုဆို ရိပေါ်က Super zero club ရဲ့ အထူးဖောက်သည်ကြီးကို ဖြစ်လို့။

ရိပေါ် စိတ်ညစ်လို့ အရက်သောက်တယ် ကျန့်သည်းခံနိုင်သေးတယ်။

ထို ဘယ်ကမှန်းမသိတဲ့ မိန်းကလေးတွေနှင့် အိပ်တာကတော့ ကျန့်ရင်ကို အပ်နဲ့ တရစပ်ထိုးစွနေသလိုပင် နာကျင်ရပါသည်။

အိမ်ထောင်သက်တမ်း6လကျော်အတွင်း ရိပေါ်အိမ်ပြန်လာသည့်ရက်က ရှားပါးသည်ပင်။

တစ်ခါတစ်ခါ မူးကွဲအောင်သောက်ပြီး ညသန်းခေါင်ကျော်လောက်မှ ပြန်လာတတ်ကာ ဆူညံဆူညံက လုပ်တတ်သေးသည်။

သူက ပတ်ဝန်းကျင်ကို ဂရုမစိုက်ပေမဲ့ ကျန့်ကတော့ အားနာရသည်။

တစ်ခါကလဲ သူပြန်လာတာကို စောင့်မနေဘဲ အိပ်ပျော်နေလို့ တစ်ညလုံး ပြသနာရှာတာခံရသေးသည်။

ထိုသို့ပြသနာရှာတိုင်း ကျန့်ရဲ့ အရှိုက်တည့်တည့်ထိမှန်မည့် အရှက်မဲ့သော စကားလုံးများဖြင့် နှိပ်စက်တတ်သေးသည်။

ထိုသို့ အပြောခံရတိုင်း အတားအဆီးမဲ့နေသော ကျန့်ရဲ့မျက်ရည်ကြည်တို့က ကျမြဲတိုင်း။

ဒါပေမဲ့ ခုချိန်ထိကျခဲ့တဲ့ ကျန့်ရဲ့ မျက်ရည်ကြည်တို့က အရင်လို ပူနွေးနွေးမဟုတ်တော့။

မျက်ရည်တို့တောင် အေးစက်နေကြပြီ။

လူသားတွေက ပူဆွေးခြင်း၊ ဝမ်းနည်းခြင်း တွေကို ခဏတာခံစားရတဲ့အခါ မျက်ရည်ပူတို့က အဖော်ပြုပေးကြသည်။

နှောင်ကြိုးဖွဲ့ ဧည့်သည် (Completed)Where stories live. Discover now