Ep-12

1.9K 76 0
                                    

💒နှောင်ကြိုးဖွဲ့ ဧည့်သည်💒

         %~%~🎈Ep-12🎈~%~%

ရှောင်းကျန့် ညနေပိုင်းရောက်တော့ သမီးလေးကို ရေချိုးရန်ပြင်ပေးနေသည်။

ဖြူဖြူလုံးလုံးနှင့် ဝကစ်ကစ် သမီးလေးက ရှောင်းကျန့်လက်ထဲတွင် ခုန်ဆွခုန်ဆွလုပ်၍ ပျော်ရွှင်ရယ်မောနေသည်။

ရေချိုးကာနီးတိုင်း သမီးလေးက ထိုသို့ပြုမူလေ့ရှိ၏။

ရေအရမ်းကြိုက်တဲ့သမီးလေးက ရေကြာကြာဆော့လို့မရပြန်ဘူး။

ရေကို ကြာကြာခံချိုးရင်တောင် သုံးရက်လောက်အပူကြီးကာ ပိန်ကျသွားတတ်သည့် အကျင့်ရှိသည်။

ထို့ကြောင့် ကျန့်မှာ သမီးလေးကို ရေချိုးချိန်မကြာစေရန် ဂရုစိုက်ရသည်။

ဘောင်းဘီလေးတစ်ထည်သာ ဝတ်ပေးထားတဲ့သမီးလေးကို သူ့အတွက်ပြင်ထားသော ရေချိုးဇလုံထဲသို့ ထည့်ကာ

ရှောင်းကျန့်ရေချိုးပေးနေသည်။

သမီးလေးအား ဆပ်ပြာတိုက်ရန် လုပ်နေစဉ် အောက်ထပ်မှ အော်ဟစ် သောင်းကျန်းကာ ဝင်လာသော ရိပေါ် အသံကိုကြားရ၏။

"ကျန့်.......ကျန့်!!ဘယ်ရောက်သွားတာလဲကွာ။"

"ဘယ်ကို အလေလိုက်နေလို့ အိမ်ထဲမှာမရှိရတာလဲ...ဟမ်"

နည်းနည်း  နည်းနည်းနှင့် ရေချိန်အတော်လေးကိုက်လာသောရိပေါ်ကို ကျင်းရီ မနည်းထိန်းထားရသည်။

"ရိပေါ်ကော ....ဟိုမှာ ရှောင်းကျန့်ကော ဖိနပ်မလား။သူ အိပ်ပေါ်မှာရှိမှာပါ။ ဟို....ရေချိုးခန်းဝင်နေလားမှမသိ"

"ဟမ်....ကျန့်...ကျန့်က ဒါဆို ဘယ်မှမသွားဘူးပေါ့။.ကျင်းရီ...မင်း.ပြန်....ပြန်တော့။ ရပြီ"

"ဟုတ်ကဲ့ပါ ရိပေါ်ကော။ ပြန်ခွင့်ပြုပါအုံး"

သူ့ကို အတင်းပြန်လွှတ်နေသော ထိုအမူးသမားကြောင့် ကျင်းရီခပ်သွက်သွက်ပဲ ပြန်လာလိုက်တော့သည်။ တစ်နေ့လုံးဂျီကျထားတာ နည်းမှမနည်း။

.......................

မရောက်တာကြာပြီဖြစ်တဲ့ အပေါ်ထပ်ကို ရိပေါ်ယိုင်နဲ့နဲ့နှင့်တက်လာခဲ့သည်။

နှောင်ကြိုးဖွဲ့ ဧည့်သည် (Completed)Where stories live. Discover now