Ep-15

2K 91 0
                                    

နှောင်ကြိုးဖွဲ့ ဧည့်သည်

        %~%~Ep-15~%~%

ရိပေါ်တစ်ယောက် အမေရိကရှိ မင်္ဂလာအခမ်းအနားတစ်ခုထဲသို့ ရောက်ရှိနေသည်။

ခဏအကြာ မေနှင့် သူ့အမျိုးသား တို့ ရိပေါ်ရှိရာရောက်ချလာသည်။

"ရိပေါ်....လာပေးလို့ ကျေးဇူးပါ"

"ရပါတယ်...ကျွန်တော်လာခဲ့မယ် ပြောထားတာပဲ"

"အင်း....ကိုယ်....ဒါက ဝမ်ရိပေါ်တဲ့။ အားကျန့်အမျိုးသားလေ"

"ဟုတ်...တွေ့ရတာဝမ်းသာပါတယ်..Mr,Wang"

"ဟုတ်ကဲ့ ကျွန်တော်လဲ တွေ့ရတာ ဝမ်းသာပါတယ် Mr. Lucas"

"ရိပေါ်....သုံးဆောင်ပါအုံး"

"ဟုတ်ကဲ့ပါ"

မင်္ဂလာပွဲသို့ ရိပေါ်တက်ရောက်ပြီး  နေ့ချင်းပင် တရုတ်သို့ပြန်လာခဲ့သည်။

ည dinner ကိုတော့ မေ ခေါ်ပေမဲ့ သူမတက်ခဲ့။

သုံးလလောက်မတွေ့ရသည့် သမီးလေးကို လွမ်းနေပြီလေ။ ပြီးတော့ ကျန့်ရောပဲ။

သူပြန်လာမှာကို ဝမ်ပါပါးတောင်မသိ။

ကျန့်ကို သူ suprise လုပ်ချင်လို့လေ။

သူ တရုတ်ကို ပြန်ရောက်တော့ မနက် 4နာရီသာရှိသေးသည်။

ရှောင်းကျန့်တို့ ခြံအနီး မနက် 4နာရီကျော်ကျော်လောက်၌

တစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံဖြင့်လူတစ်ယောက် ဟိုချောင်း ဒီချောင်းဖြင့် အိမ်ထဲ ခိုးဝင်ရန်ကြံနေသည်။

ထိုအနက်ရောင်လူက တရွေ့ရွေ့နှင့် ခြံအနောက်ဘက်သိုရောက်လာသည်။

နောက်ဘက်ခြံတံခါးက သောခတ်ထားတာကြောင့်

ခြံစည်းရိုးကို ကျော်၍ အိမ်နောက်ပေါက်ကိုချည်းကပ်လာသည်။

မီးဖိုခန်း တံခါးကို ဖွင့်၍ အိမ်ထဲသို့ ဝင်လာသော ထိုလူ။

မနက် ခြောက်နာရီလောက်မှ နိုးတတ်သည့် လျိုမားကတော့ ထိုအချိန် အိပ်မောကျနေဆဲ။

ခြေကို ဖွဖွနင်းလို့ တက်လာခဲ့သည်က ရှောင်းကျန့်တို့ အိပ်ခန်းဆီ။

နှောင်ကြိုးဖွဲ့ ဧည့်သည် (Completed)Where stories live. Discover now