Ep-6

2.1K 109 0
                                    

နှောင်ကြိုးဖွဲ့ ဧည့်သည်

       %~%~Ep-6~%~%

ရိပေါ်နဲ့ ကျန့်နဲ့ လက်ထပ်ပြီး6လကျော်နောက်ပိုင်း၊

သို့တည်းမဟုတ် ဆုံးဖြတ်ချက်တစ်ခုကို ကျန့် ချမှတ်ပြီးနောက်ပိုင်း ၊

ရိပေါ်ရဲ့ သူငယ်ချင်းဇုန်ထဲက မထွက်တတ် ထွက်တတ်အချိန်ကျော်လွန်ပြီး နောက်ပိုင်း

ကျန့်က ရိပေါ် အပေါ် အရင်လိုမဟုတ်တော့ပဲ အေးစက်လာသလို။

ရိပေါ်ကတော့ ဘယ်သူမှမသိအောင် နေမထိ ထိုင်မသာ ဖြစ်နေခဲ့သည်။ အကြောင်းရင်းက သူ့သူငယ်ချင်း ကျန့်က သူ့ကိုအရင်လို ဂရုမစိုက်လို့တဲ့လေ။

သံယောဇဉ် ရှိချင်းလား?
ချစ်နေခြင်း ပဲလား ? မသဲကွဲတဲ့ရိပေါ်ဟာ အရင်လို Club မှာလဲ မူးပြီး သွားမအိပ်နေတတ်တော့ပေ။

ခုဆိုရင် အောက်ထပ်က စတိုခန်းလေးဟာ ရိပေါ်အသုံးအဆောင်တို့နှင့် အစားထိုးလျက် ရိပေါ်၏အိပ်ခန်းပင်ဖြစ်နေချေပြီ။

တစ်မူထူးခြားလာသည်မှာ အစောမနိုးတတ်သည့်ရိပေါ်ဟာ

ဒီ နေ့မှာတော့ အိပ်ရာအစောထတတ်နေပြီ။

သို့သော် အပြင်သို့မောင်းထွက်သွားသော ကျန့်ရဲ့ ကားနောက်ကျောကိုသာ မြင်လိုက်ရသည်။

အိပ်ရာနိုးလာလျှင် မတွေ့တတ်သည့်ကျန့်ကို ဒီနေ့တော့မေးမည်ဟုရည်ရွယ်ကာ အစောထခြင်းပင်။

ခုမှ 8:00 နာရီပဲရှိသေးသည်ကို။ကျန့်ဟာ တကယ် အစောကြီးနိုးတဲ့ မလိမ္မာလေး။

ဒီနေ့တစ်နေ့လုံး ရိပေါ် အိမ်က ဘယ်မှမသွား။

ဂိမ်းဆော့လိုက် ဆိုင်ကယ်ပြိုင်ပွဲကြည့်လိုက် နှင့် နေ့လည်အချိန်ရောက်နေပြီ။

ကျန့်က ခုထိပြန်မလာသေး။

ခဏအကြာ ကားသံကြားတော့ ဝမ်းသာအားရ ပြေးမေးချင်နေသည့် စိတ်အစဉ်ကို ရိပေါ်တစ်ယောက်ထိန်းချုပ်ရင်း ဧည့်ခန်းထဲ၌ မသိသလို ထိုင်နေလိုက်သည်။

အလျင်သလို ဖြစ်နေပုံရတဲ့ ကျန့်က သူ့ကိုမြင်ပုံမပေါ်။

ဖုန်းကိုသာ အာရုံစိုက်လို့ လှေကားထစ်တွေကို မကြည့်ပဲ ပြေးတက်နေသည်။

နှောင်ကြိုးဖွဲ့ ဧည့်သည် (Completed)Where stories live. Discover now