Ep-7

2K 94 0
                                    

နှောင်ကြိုးဖွဲ့ ဧည့်သည်

          %~%~Ep-7~%~%

လူနာတင်ကုတင်တစ်ခုပေါ်၌ ပိတ်ဖြူစဖြင့် အုပ်ထားသော မိန်းမငယ်တစ်ဦးက ရုပ်အလောင်း။

ဆံပင်ရှည်တို့ကို ပုံမကျစွာ စည်းနှောင်ထားသော မိန်းမချောတစ်ဦး ။

ထိုသူမ၏ အလွန်ပင် စိတ်မချမ်းသာဖြစ်နေသည့်ပုံမှာ

တသွင်သွင်စီးကျနေသော ပါးပြင်ထက်က မျက်ရည်တို့က သက်သေ။

အခြားသူများလို ရုပ်အလောင်းတစ်ခုကို ဖက်ကာလဲ ငိုကြွေးမနေ။

ထိုအခြေအနေအရ ဆုံးရှုံးရမည်ကို ကြိုတင်သိရှိထားသလိုပင်။

ယခု သူမ၏ ရုပ်သွင်ပြင်မှာ အခြားသူများ၏အမြင်၌ ညီမဖြစ်သူ သေဆုံးသည်ကို သိပ်ပြီးမခံစားရသလို ထင်နိုင်သည်။

သို့ပေမဲ့ အမတစ်ယောက်လို၊ အမေတစ်ယောက်လို  ပြုစုခဲ့သည့်သူမက အမူအရာ ၊စကားလုံးများဖြင့် မဖော်ပြတတ်လောက်အောင် ပူဆွေးနေသည်ကို ရှောင်းကျန့်သိသည်။

သမီးလေးက အိပ်ပျော်နေသည်ဖြစ်လို့ အခန်းထဲပြန်သိပ်ရန် မေ့ ကို ပြောပြီး ပြန်ထွက်လာခဲ့သည်။

သူပြောခဲ့သော စကားကို မေတစ်ယောက် ကြားလားဆိုတာ သူလဲမသိ။

.............................

ခရမ်းရောင် အုတ်ဂူလေးရှေ့၌

အနက်ရောင် ဝတ်စုံဆင်မြန်းထားသူ လေးဦးရပ်လျက်။

ဆံပင်ရှည်တို့ကို သပ်ရပ်စွာ မြင့်မြင့်မြှောက်စည်းထားသူမှာ အုတ်ဂူပိုင်ရှင်ရဲ့ အမဖြစ်သူ မေ။

6ပေကျော်အရပ်နှင့် ပွစောင်းစောင်း ဖြူစုတ်စုတ် အသားအရည်ရှိသော အမျိုးသားမှာ မေရဲ့ ချစ်သူ Lucas ပင်။

အနက်ရောင် ဂါဝန်ဖားဖားလေးနှင့် သမီးလေးကတော့ ရှောင်းကျန့်လက်ထဲမှာ။

စကားတစ်ခွန်းမျှ မဆိုပဲ တိတ်ဆိတ်နေကြသည့် ကျန့်တို့ လေးယောက်ကို ဓာတ်ပုံမှန်ဘောင်ထဲက ဘယ်ရီက ပြုံးပြုံးလေးနှင့်ကြည့်နေသည်။

ရှေ့မှာလဲ ဘယ်ရီ အရမ်းကြိုက်သည့် အဖြူရောင်နှင်းဆီပန်းလေးက ပန်းအိုးထဲ၌ အေးချမ်းစွာ။

နှောင်ကြိုးဖွဲ့ ဧည့်သည် (Completed)Where stories live. Discover now