Ep-5

2.1K 118 0
                                    

နှောင်ကြိုးဖွဲ့ ဧည့်သည်

       %~%~Ep-5~%~%

ကျန့်နဲ့ လက်ထပ်ထားတဲ့ 6လကျော်အတွင်း ကျွန်တော့ကြောင့် ကျန့်အမြဲငိုနေရတယ်။

ကျန့်ခံစားရတိုင်းကျွန်တော်ပျော်တယ်။

အလိုမပါဘဲ လက်ထပ်ထားတဲ့အိမ်ထောင်ရေးက ဘယ်လောက်အဆင်မပြေကြောင်း ကျန့်ကိုကောင်းကောင်းသိစေချင်တယ်။

မင်္ဂလာဦးညက စလို့ ကျွန်တော် club သွားတယ်။ မူးနေအောင်သောက်တယ်။ မိန်းမလှလေးတွေနဲ့ပျော်တယ်။

စိတ်ညစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ clubသွားတာ အရက်သောက်တာကို ကျန့်က ဘာမှမပြောဘူး။

ဘယ်ကမှန်းမသိ၊ ဘယ်သူနဲ့အတူနေပြီးမှန်းမသိတဲ့ မိန်းမတွေနဲ့တော့ အတူမနေပါနဲ့တဲ့။

ရိပေါ် မတော်တဆ ရောဂါကူးမှာစိုးလို့တဲ့လေ။ ကျန့် မင်းက သိပ်ရီရတာပဲ။

မင်းရင်ထဲ နာကျင်နေရတာကို ထုတ်မပြောနိုင်လောက်အောင်ပဲ မင်းကငါ့ကို စိုးရိမ်နေတာ။ မင်းကတကယ်အရူးပဲ ကျန့်။

ဒီ 6လအတွင်း ကျွန်တော့ရဲ့ ကျန့်အပေါ်ထားတဲ့ သူငယ်ချင်းသံယောဇဉ်က ပိုတိုးလာသလိုပဲ။

ဥပမာ- ကျွန်တော် မူးပြီးပြန်လာလို့ ကျန့်က ဘာစကားမှ မပြောပဲ ငြိမ်နေတတ်တဲ့နေ့မျိုးဆို ကျန့်ဆီက အသံလေးများကြားရလိုကြားရငြား၊

ကျန့်မျက်ရည်ကြည်လေးများ မြင်ရလိုမြင်ရငြားနဲ့ ကျန့်မကြိုက်တဲ့ အရှက်မဲ့တဲ့စကားတွေနဲ့ ရန်စမိတာမျိုး။

ကျန့်နဲ့ အနေနီးရင် ကျန့်ရဲ့ အမှားတွေကို လွယ်လွယ်နဲ့ ဖြေဖျောက်မိမှာစိုးလို့ အစွဲကြီးတတ်တဲ့ရိပေါ်က

အိမ်ကို သိပ်ပြန်မလာဖြစ်ဖူး။ ပြန်လာဖြစ်ရင်လဲ အမြဲလိုလို မူးအောင် သောက်လာတတ်တယ်။

တစ်ခါတစ်ခါ သူငယ်ချင်းဖြစ်သူ ကျန့်ကို တွေ့ချင်လွန်းလို့ အိမ်ပြန်လာတဲ့ ရက်များဆို ကျန့်က အိမ်မှာရှိမနေတတ်ဘူး။

ရှောင်းအိမ်တော်၊ ဝမ်အိမ်တော် အနှံ့ ခဏခဏ လိုက်ရှာနေမိတတ်လို့ ပါပါးကတောင် 'သူငယ်ဂျင်း ပျောက်လို့လိုက်ရှာနေတာလား' ဟုပင် စသေးသည်။

နှောင်ကြိုးဖွဲ့ ဧည့်သည် (Completed)Where stories live. Discover now