Ep-9

1.7K 72 6
                                    

နှောင်ကြိုးဖွဲ့ ဧည့်သည်

         %~%~Ep-9~%~%

"ဝမ်ရိပေါ်ကိုမုန်းတယ်..။ဝမ်ရိပေါ်ကြောင့်.....မုန်းတယ်....မုန်းတယ်"

ငိုယိုနေသော ဘယ်ရီက ဂနာမငြိမ်သောမျက်ဝန်းများဖြင့်

အမဖြစ်သူ မေ့ရင်ခွင်ထဲ တိုးဝင်ကာ ငိုသည်။

မတွေ့ရတာကြာပြီဖြစ်တဲ့ ညီမဖြစ်သူဟာ video call ပြောတုန်းကထက် ပိုပြီးပိန်ကပ်နေသည်။

2နှစ်ကျော် ခွဲခွာခဲ့ရသော ညီမဖြစ်သူကို ပျော်စေချင်လို့

Suprise လုပ်ဖို့ ပြန်လာခဲ့တဲ့မေဟာ

ဒီလိုပုံစံမျိုးနှင့် ဘယ်ရီကိုတွေ့ရသောအခါ

ရင်ထဲက ဆစ်ကနဲ နာကျင်သည်။

ဝမ်ရိပေါ်ဆိုသော ထိုကောင်လေးကို သူ့ညီမ အရူးအမူးချစ်နေတာ သူမသိသည်။

ဝမ်ရိပေါ်ကလဲ ဘယ်ရီကို ဂရုစိုက်ပြီး ချစ်သည်ဟု မေသိခဲ့သည်။

သိုပေမဲ့ အခုလို သူ့ညီမကို ရက်စက်ခဲ့မယ်လို့ မေ မထင်ခဲ့။

ခုချိန် မေသိတာက ရင်ထဲကနာကျင်တာရယ်၊

အရမ်းချစ်တတ်လွန်းတဲ့ ဘယ်ရီလိုလူမျိုးကို ခံစားရအောင်လုပ်သည့် ဝမ်ရိပေါ်ကို မကျေနပ်ချက်များရယ်နှင့်

လက်စားချေချင်သည့် စိတ်ရယ်သာ ရှိနေသည်။

"ဘယ်ရီ့လို ထပ်တူခံစားဖို့သာ ပြင်ထားပေတော့ ဝမ်ရိပေါ်"

ထိုအချိန်မှစ၍

မေတစ်ယောက် နိုင်ငံခြားရှိအလုပ်များကို တစ်လလောက် တရုတ်မှ အသွားအပြန်လုပ်၍

ဝမ်ရိပေါ်အကြောင်း အသေးစိတ်စုံစမ်းခဲ့သည်။

သူမသိရသည်က~~~~

ဝမ်ရိပေါ်က မိုးပြာရောင်လို အရောင်နုတွေကြိုက်တယ်။

အစွဲအလန်း သိပ်ကြီးတယ်။

ဝမ်ရိပေါ်မှာ ရှောင်းကျန့်လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။

စသည်ဖြင့် ဝမ်ရိပေါ်နှင့်ပတ်သက်သည့်အကြောင်းအရာ တော်တော်များများတွင် ဘယ်ရီနှင့် သက်ဆိုင်သည့်အကြောင်းအရာ အနည်းငယ်မျှမပါ။

နှောင်ကြိုးဖွဲ့ ဧည့်သည် (Completed)Where stories live. Discover now