Unicode
အချိန်အခါမဟုတ် ရွာတဲ့မိုးက မထင်မှတ်ထားလောက်အောင်ကို သည်းထန်လွန်းတယ်။ မိုးတင်မကဘဲ လေပါ ပါလာတဲ့အခါ အေးစက်မှုက တဟုန်ထိုး ဝင်ရောက်လာခဲ့တယ်။ လျှပ်စီးကြောင်းတွေ တဖြတ်ဖြတ်နဲ့ မိုးအမှောင်ကျနေသော ကောင်းကင်ယံက လင်းထင်းလျှက် ရှိသည်။
တစ်ချက်တစ်ချက် ခြိမ်းလိုက်သော မိုးခြိမ်းသံကြောင့် စောင်ကိုကိုင်ထားတဲ့ လက်လေးက ခဏတိုင်း တုန်တုန်ယင်ယင်ဖြစ်ကာ စောင်ကို ကျစ်ကျစ်ပါအောင် စွဲထားလျှက်..။
*တော်ပါတော့....မရွာပါနဲ့တော့...*
သူဘယ်လောက်ပဲ တောင်းဆိုပါစေ ရပ်ပေးမယ့်ပုံ မပေါ်သော မိုးကတော့ သူ့ရဲ့တောင်းဆိုမှုတွေကို လျစ်လျူရှုကာ ပိုတောင်မှ သည်းထန်လာခဲ့သေးသည်။
*မိုးရွာတိုင်း ဖြစ်ပေါ်လာရတဲ့ ခံစားချက်တွေကို ကြောက်လွန်းလို့ပါ*
*နာကျင်လွန်းလို့ပါဗျာ....*
တစ်ယောက်တည်း ရေရွတ်နေသော Jiminရဲ့ ပါးပေါ်မှာ မျက်ရည်တို့ တသွင်သွင် စီးကျလျှက်.....
မိုးရွာတိုင်း ဘယ်ဘက်ရင်အုံဆီက တဆစ်ဆစ်နဲ့ ဖြစ်ပေါ်လာတဲ့ နာကျင်မှုက အချိန်တွေ ဘယ်လောက်ပဲ ကြာသွားပါစေ
ခုချိန်ထိ အသားမကျနိုင်သေးပေ။
အမြဲတမ်း နာကျင်ရတယ်၊ ခံစားရတယ်။
တော်သင့်ပြီလေ Jiminရယ် ဘယ်နနှစ်တောင်ရှိခဲ့ပြီလဲ...
၅နှစ်တောင် ကြာခဲ့ပြီပဲ..အတိတ်တွေထဲက ရုန်းမထွက်နိုင်သေးဘူးလား။မှန်ကို ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်ရင်း အပြင်သွားဖို့အတွက် ပြင်ဆင်လိုက်သည်။
ဘယ်လောက်ပဲ နာကျင်ပါစေ..
ဘယ်လောက်ပဲ ပြိုလဲပါစေ..
ဘယ်လောက်ပဲ ခံစားရပါစေ..
ဘယ်သူမှ မသိစေရဘူး။
အဓိကက တစ်ယောက်သောသူ လုံးဝ မသိစေရဘူး။ကိုယ်လုံးပေါ်မှန်ကို တစ်ချက်ကြည့်ပြီး အပြီးသတ် ပြင်ဆင်မှုအနေနဲ့ နေကာမျက်မှန်တစ်လက်ကို တပ်ကာ အခန်းပြင်ထွက်လိုက်တာနဲ့
ခက်ထန်သော မျက်နှာကို တန်း ဆင်မြန်းလိုက်သည်။
YOU ARE READING
Forget Me Not
Fanfictionငါကိုးကွယ်ခဲ့တဲ့ အချစ်က မင်းတစ်ယောက်တည်း Jeon... မင်းတစ်ယောက်တည်းပဲ ♡1.1.2022-8.4.2022♡