Unicode
"Jimin...ရှောင်ပြေးနေရတာ မမောသေးဘူးလားကွာ.."
Taehyungမေးလိုက်တော့ တံခါးအပြင်ဘက်ကို ခပ်ဆွေးဆွေးငေးကာ လုပ်နေသော Jiminမျက်ဝန်းထက်၌ နာကျင်မှုတချို့ ပေါ်ပေါက်လာခဲ့သည်..။ ခုဆို Jungkookနဲ့ မတွေ့မိဖို့အတွက် ဘူဆန်သို့ တစ်ယောက်တည်း ထွက်လာခဲ့ခြင်း ဖြစ်သည်။ ပြောရရင်တော့ Hoseokမွေးနေ့ညကတည်းက ထွက်လာလိုက်တာ ခုထိ မပြန်ရသေး....။
Taehyungလိုက်လာတာတော့ မကြာသေးဘူး။ Jiminမှာ သူပဲရှိတာမဟုတ်လား..။ ဆိုးတူကောင်းဖက် ဒီသူငယ်ချင်းလေးကို သူဘယ်လိုမှ ပစ်မထားရက်ဘူး။ Jiminခံစားရရင် သူလည်း အနည်းနဲ့အများ ခံစားရတာမို့...။
"ရှောင်ပြေးနေရတာက ပိုပြီးဖြေသာလို့ပါTaeရယ်.."
ဟုတ်ပါသည်..။ Jiminလုပ်ရပ်က မမှားဘူး..။ Jiminရှောင်ပြေးသင့်ပါတယ်လေ။
နောက်ဆို ၄ယောက်ဆုံဖို့ မလုပ်တော့မှ ထင်တယ်။ အတိတ်တွေက မထွက်နိုင်သေးတဲ့ Jiminအတွက် သူတို့ စဥ်းစားပေးရမယ်လေ..။ Jungkookအတွက်လည်း စိတ်မကောင်းပေမယ့် Jimin ခံစားခဲ့ရတာတွေကို သူအသိဆုံးမလို့ Jiminအတွက်ပဲ သူရှိနေပေးမှာ...။
"ဒီမှာ ဘယ်လောက်နေအုန်းမှာလဲ"
ဘူဆန်ရှိ Jiminဘိုးဘွားပိုင် အိမ်လေးထဲမှာ ထိုင်ရင်း နှစ်ယောက်သား ခြံဝန်းဘက်ကို ငေးကာ ပြောနေကြခြင်း ဖြစ်သည်။
Taehyungမေးလိုက်တော့ Jiminက အေးဆေးစွာ ပြန်ဖြေလာတယ်။
"မသိသေးဘူး...ဒီမှာနေရတာ ပိုသက်သာသလိုပဲ..."
"မင်းအဆင်ပြေရင်ပြီးတာပဲ..."
"မင်းရော ဘယ်တော့ပြန်မှာလဲ..."
"မင်းနဲ့မှ ပြန်မယ်"
"Tae..မင်းအလုပ်တွေ ထားခဲ့လို့ အဆင်ပြေတာလား..."
သူ့အလုပ်အတွက် ပူပန်ပေးနေသော Jiminသည် ကိုယ်တိုင်လည်း အလုပ်တွေပစ်ထားခဲ့တယ်ဆိုတာများ မေ့လျော့နေလေသလား။ Jimin ဘူဆန်ရောက်နေတာ 2ပတ်လောက် ရှိပြီ။ သူက မနေ့တစ်နေ့ကမှ ရောက်လာတာရယ်..။
YOU ARE READING
Forget Me Not
Fanfictionငါကိုးကွယ်ခဲ့တဲ့ အချစ်က မင်းတစ်ယောက်တည်း Jeon... မင်းတစ်ယောက်တည်းပဲ ♡1.1.2022-8.4.2022♡