Unicode
အရာအားလုံးဟာ နေသားတကျ ရှိနေခဲ့ပြီလေ..။ ဟောင်းခဲ့တဲ့ အတိတ်တွေကို အသစ်လုပ်ကာ ပြန်တမ်းတမနေချင်မိတော့တာ အမှန်..။ အားလုံးအတွက် မကောင်းတာတွေ ရှိနေခဲ့တာမို့...။
လက်ရှိမှာတော့ အားလုံးက ထိုအရာတွေကို မေ့ထားသလိုလိုနဲ့ပဲ အေးအေးဆေးဆေးရှိနေသော်လည်း ကိုယ်စီကိုယ်စီရဲ့ ရင်ထဲမှာတော့ အတိတ်တွေရှိနေကြတုန်းပါပဲ...။
ဒီနေ့တော့ အဖွဲ့ရဲ့ Sunshineလေး၏ ပင့်ဖိတ်မှုကြောင့် အားလုံးအတူ ဆုံဖို့ဖြစ်လာခဲ့ရသည်။ တကယ်ဆို ၄ယောက်ဆုံကြတဲ့အခါ Jiminအနေနဲ့ ရှောင်တာများတယ်..။
Taehyungနဲ့ အတွေ့များသလို Hoseokနဲ့လည်း ကြုံရင်ကြုံသလို တွေ့ဖြစ်ပါတယ်။ တစ်ဦးသောသူနဲ့တော့ အတတ်နိုင်ဆုံး မတွေ့ဖြစ်အောင် ရှောင်မိတယ် ။ ကိုယ့်ရဲ့ ရင်ခုန်သံတွေ မူမမှန်တာ ကိုယ်တိုင် အသိဆုံး ဖြစ်နေလို့...။
ဒီနေ့ကတော့ လွှဲရှောင်လို့ မဖြစ်ပေ။ Hoseokရဲ့ မွေးနေ့မို့ သေချာပေါက် သူသွားပေးရမှာ...။ အရင်တစ်ခါ လိုက်မလာဖြစ်လို့ မကြည်နေတာကို ဒီတစ်ခါပါ မသွားရင်တော့ စိတ်ဆိုးတော့မှာ သေချာပေါက်ပဲ။
Hoseok စီစဥ်ထားသည့် နေရာက သူ့ရဲ့ အိမ်မှာဖြစ်သည်။ ကျောင်းပြီးတည်းက မိဘတွေနဲ့ မနေတော့ဘဲ သီးသန့်လေး နေတာမို့ အေးဆေးတွေ့လို့ရအောင် Hoseokအိမ်မှာပဲ ဆုံကြဖို့ ဖြစ်လာခဲ့သည်။
"Hoseok Happy Birthday..."
"Jimin...ကျေးဇူးပဲကွာ"
မွေးနေ့စကား ဆိုလိုက်ရင်း Hoseokအတွက် အထူးလုပ်လာပေးခဲ့တဲ့ ကိတ်လေး ပေးလိုက်သည်။ သူပဲ ကျန်တော့တာ ဖြစ်မယ်။ ကျန် နှစ်ယောက်လည်း ရောက်နှင့်နေခဲ့ပြီ။
"Jimin နောက်ကျတယ်ကွာ.."
"ဟုတ်တယ် Taehyung ကိတ်လုပ်ရင်း နည်းနည်းကြာသွားတာ.."
သူငယ်ချင်း နှစ်ယောက်နဲ့ စကားဆိုရင်း အဆင်ပြေစွာ ရှိနေသော်လည်း တစ်ဦးသောသူကတော့ ကိုယ့်ကို စရောက်တည်းက လိုက်ကြည့်နေတာ ဘဝင်မကျလိုက်တာ...
YOU ARE READING
Forget Me Not
Fanfictionငါကိုးကွယ်ခဲ့တဲ့ အချစ်က မင်းတစ်ယောက်တည်း Jeon... မင်းတစ်ယောက်တည်းပဲ ♡1.1.2022-8.4.2022♡