🖤5🖤

3K 279 13
                                    

Unicode

"Ji..ဘာလုပ်​နေတာလဲ"

စာအုပ်ထဲကို ဟို​ရေးဒီ​ရေး လုပ်လိုက်၊ ​ဘောပင်​လေးကို ​မေး​စေ့မှာ​ထောက်ကာ စဥ်းစားလိုက် လုပ်​နေသည့် နှင်းဖြူလုံး​လေးအား ​မေးလိုက်ခြင်း ဖြစ်သည်။

"စာ​ရေးကြည့်​နေတာ Jeon.."

"ဘာစာ​ရေး​နေတာလဲ...ရည်းစားစာလား..ပြကြည့်​လေ"

"မင်းလို တစ်ချိန်လုံး..ရည်းစားထားဖို့​တွေး​နေတဲ့သူမဟုတ်ဘူး"

မျက်​စောင်းရွယ်ကာ ​ပြောလိုက်​​သော နှင်းဖြူလုံး​လေးက တကယ့်ကိုမှ ချစ်စရာ​ကောင်းလွန်းလှသည်။ စ​နောက်လို့လည်း အလွန်ကောင်းသည့် သူ​လေးအား...ထပ်ခါ ထပ်ခါ စချင်မိတယ်။

သူ့ကိုဆို တစ်ခွန်းမကျန် ပြန်ခွပ်တတ်တဲ့ နှင်းဖြူလုံး​လေးက တက္ကသိုလ်​ရောက်မှ ​မေဂျာတူပြီး ​ပေါင်းဖြစ်သွားတဲ့ သူငယ်ချင်းရယ်။
သူတို့အဖွဲ့ထဲမှာ Jiminနဲ့ Taehyungက ငယ်သူငယ်ချင်း​တွေ ဆို​ပေမယ့် သူရယ် Hoseokရယ်တို့က​တော့ တက္ကသိုလ်ကျမှ ​တွေ့ကြခင်ကြသူ​တွေ ဖြစ်သည်။

သူတို့ ၄​ယောက်အဖွဲ့​လေးဟာ​လည်း တစ်​ယောက်တစ်မျိုး ပုံစံမျိုးစုံနဲ့ ​ပျော်စရာကောင်းတဲ့ အဖွဲ့​လေး ဖြစ်ခဲ့တာပဲ​လေ...။

သူ့ကို ခွပ်ပြီး စာကိုပဲ သဲကြီးမဲကြီး ကြိုးစား​ရေးဖို့ ပြင်​နေသူ​လေးအား ကြည့်ကာ ဘာ​တွေများ အဲ့​လောက် အပတ်တကုတ် လုပ်​နေရလဲလို့ သိချင်သွားသည်။

"Ji..​ပြောအုန်း​လေကွာ ဘာစာလဲ ရည်းစားစာမဟုတ်လည်း ဘာ​တွေ အဲ့​လောက်ကြိုးစား ​ရေး​နေတာလဲ"

"ငါ ဝတ္ထု​ရေးကြည့်​နေတာ.."

"အချစ်ဝတ္ထုလား..."

"အင်း.."

"အား..အချစ်အ​ကြောင်းဆိုရင်​တော့ ငါ့ကို​မေးJi..ငါကဆရာကြီး​နော်..ဟင်း..ဟင်း"

"မ​မေးပါဘူး...မင်းအချစ်က ​ပေါ့ပျက်ပျက်​တွေ"

Jimin​ပြောချလိုက်​တော့ Jungkookရဲ့ မျက်နှာကြီး မဲသဲသွားရသည်။

ငါ့အချစ်ကိုများ ​ပေါ့ပျက်ပျက်တဲ့...ဒါ​ပေမယ့်လည်း သူ့ထက်စာရင် ​တော်​သေးတာပဲ..မဟုတ်ဘူးလား။ သူ့လို အချစ်ကို တစ်ခါမှ မခံစား မထိ​တွေ့ဖူး​သေးသူထက်စာရင် ငါ့လို တစ်​ယောက်ပြီးတစ်​ယောက် တွဲပြီး အချစ်ကို ​အများကြီး ခံစားဖူးသူက အ​တွေ့အကြုံ ပိုရှိတယ်​လေ..။ သူဖြင့် တစ်ခါမှ​တောင် ရည်းစားမထားဖူးဘဲနဲ့ အချစ်အ​ကြောင်း ​ရေးအုန်းမယ်တဲ့ ဟွင်း...။

Forget Me NotWhere stories live. Discover now