🖤3🖤

3.2K 317 6
                                    

Unicode

ဒီ​နေ့​တော့ Jiminရဲ့ စိတ်​တွေ အပြည့်အဝ ကြည်လင်မှု ရှိ​နေခဲ့သည်။ မနက်အ​စောထပြီး ပင်မဆိုင် Chim​လေးဆီ ထွက်လာခဲ့ပြီး​နောက် မီးဖို​ဆောင်​လေးထဲမှာ တစ်​ယောက်တည်း ကိတ်မုန့်​တွေကို စိတ်လိုလက်ရ ဖန်တီး​နေခဲ့တယ်။ ဆိုင်ဖွင့်ဖို့ရာ အ​တော်​လေး ​စော​သေးတဲ့ အချိန်ဖြစ်တာမို့ ဝန်ထမ်း​တွေလည်း တစ်​ယောက်မှ ရှိမ​နေခဲ့။

စိတ်အာရုံက ကိုယ်တိုင်ပြင်ဆင်​နေတဲ့ ကိတ်​တွေဆီမှာပဲ ရှိ​နေခဲ့​တော့ အချိန်​တွေ ဘယ်​လောက်ကြာသွားခဲ့လဲ မသိ..။ ဝန်ထမ်း​တွေ ​​ရောက်လာသံကြားမှ ရပ်တန့်ဖို့ သတိရလိုက်သည်။ သူစိတ်လိုလက်ရနဲ့ အနုစိတ်ဖန်တီးထား​​​သော ကိတ်မုန့် ၅လုံး​တောင် ရှိ​နေပြီပဲ။

ဒီ​နေ့အတွက်​တော့ ဒါ​လေး​တွေက Chimဆိုင်ရဲ့  Special Cake​လေး​တွေ ဖြစ်မှာ အ​သေအချာပဲ။ ဆိုင်မှာ ဝယ်ယူအား​ပေး​နေကြ ပုံမှန် Customer​လေး​တွေဆိုရင် Jiminကိုယ်တိုင် ပြုလုပ်ထားတဲ့ ကိတ်မျိုးရတဲ့​နေ့ဆို ပိုလို့ ​ဝမ်းသာကြတယ်။ Jiminရဲ့ လက်ရာနဲ့ ဖန်တီးမှုက သူမတူ​အောင် ထူးကဲလှတာကိုး။

ဆိုင်​တွေ တစ်ဆိုင်ပြီး တစ်ဆိုင် တိုးချဲ့လာပြီး​နောက်၊ ဝန်ထမ်းအင်အား​တွေလည်း တစ်စတစ်စ များလာခဲ့ပြီး​နောက် Jimin ကိတ်မုန့်ဖုတ်တဲ့ ​နေ့​တွေက ​နေ့တိုင်းမရှိ​တော့​ပေ။
ဒါ​ကြောင့် Jiminရဲ့  Special ကိတ် ရတဲ့​​နေ့နဲ့ တိုးတဲ့ Customer​တွေက ပုံမှန်ထက် ဝယ်ယူအား​ပေး​လေ့ ရှိကြတယ်။

ကိုယ်တိုင် စိတ်နှစ်ပြီး အ​သေအချာ ပြုလုပ်ထားတဲ့ လက်ရာ​လေး​တွေကို ကိုယ်တိုင်ကိုယ်ကျ ​ကောင်တာထဲ ထည့်​ဖို့လုပ်နေတုန်း
"အဲ့ ကိတ် ယူမယ် ထည့်​ပေး..."ဆိုတဲ့ ကြားဖူး​နေကျ ရင်းနှီးပြီးသားဖြစ်တဲ့ အသံ​ကြောင့် ​မော့ကြည့်လိုက်တဲ့အခါ ရင်ထဲရှိ မငြိမ်မသက် နှလုံးသားတစ်စုံက လှုပ်ခါ​သွားခဲ့တယ်။

အသံ​လေးကြားရုံနဲ့တင် ဘယ်သူဘယ်ဝါဆိုတာ မ​ကြည့်လည်းပဲ Jiminအတပ်သိပြီးသားပါ။ အဲ့​လောက်ထိ သူနဲ့ပတ်သတ်တဲ့ အရာရာတိုင်းကို Jiminရဲ့ နှလုံးသားက အမှတ်မရှိ မှတ်မိ​နေခဲ့တာ။ မေ့ပစ်ဖို့ အခါခါကြိုးစားတိုင်း ရင်ထဲ​ကို ပိုတိုးလို့ရောက်ရှိလာခဲ့တဲ့ သူတစ်ဦးကို သူ့နှလုံးသားက အမှတ်သည်းမရှိ....။

Forget Me NotWhere stories live. Discover now