🖤12🖤

2.5K 253 6
                                    

Unicode

"Jimin​ရေ ငါခဏ အိမ်ပြန်အုန်းမယ်"

"အင်း Taehyung"

"ညကျ ဆိုးလ်ပြန်မှာမို့လား"

"အင်း"

"ည​နေ​လောက်ကျ ငါပြန်လာမယ်"

"​အေးပါ"

Taehyungဆိုသည်မှာ ဘူဆန်သာ ပြန်လာပေမယ့်လို့ ကိုယ့်အိမ်ကို ပြန်​နေတာရှားလှသည်။ ဘူဆန်​ရောက်လည်း Jiminအိမ်မှာပဲ အ​နေများသည်။ တခါတ​လေသာ သူ့အိမ်သူ ပြန်တတ်သည်။ တချို့ကဆို Jiminအိမ်က မင်းအိမ်လားဆိုပြီး Taehyungကို စ​နောက်တတ်ကြ​သေးသည်။ Jiminရဲ့မိဘ​တွေက နိုင်ငံရပ်ခြားမှာဆို​တော့ Jiminရဲ့အိမ်က လွတ်လပ်သည်​လေ။ ဆူ​ပြောမယ့်သူမရှိ ။ ဒါ​ကြောင့်လည်း Taehyungလာ​နေဖြစ်တာ များသည်။

အစက ဘူဆန်မှာ ​နေအုန်းမယ်လို့ စဥ်းစားထား​ပေမယ့် ဟိုတနေ့က Purple Centerမှာ Jeonကို ​တွေ့ခဲ့ပြီး​နောက် ဒီမှာဆက်​နေချင်စိတ် မရှိ​တော့​ပေ။ သူက ဘယ်လိုလုပ်ပြီး ​ရောက်​နေရတာလဲ မသိဘူး။ စိတ်ရှုပ်တယ်။

Jimin ကိုယ့်ကိုယ်ကိုလည်း အားမရဘူး။ ဘာလို့များ ခုချိန်ထိ မတည်မငြိမ်ဖြစ်​နေရတာလဲ မသိဘူး။ Jeonကိုလည်း မုန်းတယ်။ ကိုယ့်ကိုယ်ကိုလည်း မုန်းတယ်။ သူ့ကို ​တွေ့တိုင်း မတည်ငြိမ်နိုင်​​သေးတဲ့ ကိုယ့်နှလုံးသားကိုလည်း မုန်းတယ်။

Taehyungအိမ်ပြန်သွားပြီ ဆို​တော့ အိမ်မှာ Jiminတစ်​ယောက်တည်းရယ်။ အိမ်စောင့် အန်တီကြီးတို့ကလည်း အိမ်မကြီးထဲ သိပ်မလာဘူး။ ကိစ္စရှိမှသာ ​ရောက်လာတတ်သည်။ ချက်​ရေးပြုတ်​ရေးကိုလည်း Jiminက ကိုယ်တိုင်ပဲ လုပ်သည်။ အန်တီကြီးတို့ကို ချက်ပြုတ်​ရေးနဲ့ ပတ်သတ်ပြီး အနားယူခိုင်းထားတာ ကြာပြီ။

လွန်ခဲ့တဲ့ နှစ်​တွေပြန်လာတုန်းက ခြံအတွက် လူထပ်ငှားထားတာ ရှိတယ်။ လူရွယ်ပိုင်းမို့ သွက်သွက်လက်လက်နဲ့ ဆို​တော့ ခြံအတွက် အဆင်​ပြေတယ်။ အန်တီကြီးတို့ လင်မယားကို​တော့ ​အေး​အေး​ဆေး​ဆေးပဲ ​နေ​စေသည်။

ညကျ ဆိုးလ်ကို ပြန်​တော့မှာမို့ ဒီ​နေ့ ဘူဆန်မှာ ​လျှောက်သွားရင် ​ကောင်းမလား စဥ်းစားမိ​သေး။ ​သွားဖို့ရာ ​နေရာ စဥ်းစားကြည့်ပြန်​တော့လည်း ဘယ်မှ သွားချင်စိတ်ရှိမ​နေပြန်။

Forget Me NotWhere stories live. Discover now