🖤29🖤

2.4K 226 38
                                    

Unicode

အားလုံးဟာ ထင်ထားတာထက် ပိုအဆင်​ပြေ​နေခဲ့တယ်။ Jeonနဲ့ ခွဲ​နေရတာ​လေး တစ်ခုပါပဲ။ ကျန်တာ​တွေက အဆင်​ပြေ​ပြေရှိ​နေပါတယ်။ လွမ်းတဲ့ဒဏ်​လေး​တော့ ခံရတာ​ပေါ့။ ​လေလိုင်းကတဆင့် ဘယ်​လောက်ပဲ အသံကြား​နေရပါ​စေ၊ ရုပ်မြင်​နေရပါ​စေ...အပြင်မှာ လူချင်း​တွေ့ရတာ​လောက် ဘယ်​ကောင်းပါ့မလဲ။

လွမ်းတယ် Jeonရယ်...

"Jimin...ငါတို့နဲ့ လိုက်ခဲ့ပါဆို "

"​အေး​လေ Jungkookလည်း ဒီမှာ ရှိတာမှ မဟုတ်တာ"

"စိတ်​ပြေလက်​ပျောက် လိုက်ခဲ့ပါ့လား"

"​တော်ပါပြီ..မလိုက်​တော့ဘူး"

Hoseokနဲ့ Taehyungတို့ နှစ်​ယောက်​အတူ ခရီး​လေးတစ်ခု သွားဖို့ စီစဥ်ထားကြတာဖြစ်သည်။ Jiminကို လိုက်​စေချင်​သော်လည်း ​ခေါ်မရ​ပေ။ မလိုက်ဘူးပဲ ဇွတ်ငြင်း​နေသည်။
သူတို့သွားမယ့် ခရီးက အနည်းငယ် ကြာမှာဖြစ်၍
Jungkookပြန်လာသည့်အခါ တန်းမ​တွေ့ရမှာစိုးလို့တဲ့​လေ။

သွားမယ့်​နေ့ထိ ဇွဲမ​လျော့ဘဲ နှစ်​ယောက်သား အားကြိုးမာန်တက်
Jiminကို ​ခေါ်​နေကြခြင်း ဖြစ်သည်။

"လိုက်ခဲ့ပါကွာ Jiminရာ
၃​ယောက်ဆို​တော့ ပို​ပျော်ဖို့​ကောင်းတာ​ပေါ့"

"လိုက်ခဲ့လိုက် တကယ်လို့ Jungkookပြန်လာချိန်ကျ မင်းအရင်ပြန်နှင့်ကွာ ဘယ်လိုလဲ"

"မလိုက်​တော့ဘူး ကြိုးစားမ​နေနဲ့​တော့"

"Jimin မင်းမှတ်ထား"

"​နေကွာ မလိုက်လည်း"

သွားခါနီးအချိန်ထိ ရ​အောင်​ခေါ်ပါ​သော်လည်း အားမနာတမ်း ငြင်းဆို​နေသူ​ကြောင့် လက်​လျော့လိုက်ရ​တော့သည်။

Jiminလိုက်ဖို့ တကယ်စိတ်မပါ​နေပါ။ သူတို့ကို အားနာမိ​သော်လည်း စိတ်ကဘယ်လိုမှ မလိုက်ချင်​နေ၍ အတင်းငြင်း​နေမိသည်။
Jeonပြန်လာရမယ့် ရက်ကိုပဲ ​ရေတွက်ရင်း
အလွမ်း​လေး​တွေအား ​ဖြေသိမ့်​နေ​တော့မယ်လို့ စဥ်းစားထားတယ်။

Projectကလည်း ပြီးကာနီးပြီဖြစ်၍ ပိုပြီး အလုပ်​ရှုပ်နေမှန်း သူသိပါသည်။
မအားလပ်တဲ့ ကြားက သူ့ဆီအချိန်မှန် ဖုန်း​ခေါ်တတ်​သော Jeon​ကြောင့် ကြည်နူးမှု​လေးက တသိမ့်သိမ့်...။

Forget Me NotWhere stories live. Discover now