🖤27🖤

2.4K 226 16
                                    

Unicode

"ဒါ​လေးကို ဒီ​နေ့ရဲ့  Special Menuအဖြစ်ထားလိုက်​နော်"

"ဟုတ်ကဲ့ပါဗျ"

"ကျန်တဲ့ကိတ်​တွေအတွက် လုပ်ထားလိုက်​တော့​နော်"

"ဟုတ် Jimin Hyung "

ကိုယ်ရဲ့ Special Menu​လေး​တွေအတွက် အားလုံးပြင်ဆင်ပြီးသည်နှင့် ကျန်တာ​တွေအား လက်လွှဲလိုက်​တော့သည်။ Jiminသင်ပြထားသည်ကို ​သေချာလိုက်လုပ်နိုင်ကြသူများမို့ စိတ်ချရပါသည်။
ဆိုင်ရှိဝန်ထမ်း​လေး​တွေအားလုံးကလည်း ​မောင်နှမအရင်း​တွေလို ဖြစ်​နေကာ ​ပျော်ရွှင်ရပါသည်။
ပိုင်ရှင်နဲ့ ဝန်ထမ်းပုံစံမဟုတ်ဘဲ မိသားစုလိုမျိုးပဲ ဆက်ဆံတတ်သည့် Jimin​ကြောင့်
အလုပ်ခွင်မှာ ​ပျော်​ပျော်ရွှင်ရွှင်ပဲ လုပ်ကိုင်နိုင်ကြသည်။

"Purple​လေးကို သီးသန့်သိမ်းထား​ပေးအုန်း​နော်"

"Purple​လေးက Special Personအတွက် ထင်တယ် "

"​သေချာတာ​ပေါ့"

မှာစရာရှိသည်များကို မှာပြီးသည်နှင့် အ​ပေါ်ထပ် ရုံးခန်း​လေးဆီ တက်လာခဲ့လိုက်သည်။ လစဥ်စာရင်းများကို ပြန်confirmကြည့်ဖို့ လုပ်ရအုန်းမည်။

*အာ..​မေ့​တော့မလို့ Hyungဆီအ​ဖြေပြန်​ပေးရအုန်းမှာပဲ*

မလိုက်ဖြစ်​တော့​ကြောင်း ​ပြောဖို့ Yoongi Hyungဆီ ဖုန်း​ခေါ်လိုက်သည်။

"Jimin​ပြော"

"Hyung..ကျွန်​တော် မလိုက်ဖြစ်​တော့ဘူး"

"​သေချာစဥ်းစားပြီးမှ ​ပြောတာလား"

"ဟုတ်.."

"Jungkook​ကြောင့်လား"

Hyungဆိုသည်မှာ Jiminမ​ပြောလည်း အလိုလိုသိ​နေတတ်သည့် လူမျိုး။

"သူ့​ကြောင့်လည်း ပါပါတယ်"

"​အေးပါ မင်းတို့အဆင်​ပြေသွားတာကို Hyungလည်း ဝမ်းသာပါတယ်"

"​ကျေးဇူးပါ Hyung"

အစက​တော့ Hyungပြန်သွားရင် ခဏလိုက်သွားဖို့ စဥ်းစားမိ​သေးတယ်။ သို့​ပေမယ့် တစ်​ယောက်​သောသူက မလိုက်​စေချင်​နေ​​တော့လည်း နှစ်ခါပြန်မစဥ်းစားဘဲ ​ခေါင်းငြိမ့်ခဲ့မိတယ်။
သူဆိုသည်မှာလည်း Jeonဘာ​ပြော​ပြော အမြဲနာခံဖို့ အသင့်ရှိ​နေတာ။
ကိုယ်နာကျင်ရမယ်ဆိုရင်​တောင်မှ Jeonစကား တစ်ခွန်းဆိုတစ်ခွန်းပဲ။

Forget Me NotWhere stories live. Discover now