Unicode
ဒီနေ့ဆို Jeonခရီးသွားတာ တစ်ပတ်ပြည့်ပြီ။
နေ့စဥ်ဖုန်းဆက်ပြီး အလွမ်းတွေကို ပြေလျော့စေသော်လည်း တစ်ခဏတာသာ..။
မတွေ့ရမှ ပိုလွမ်းရသည်။ နေ့စဥ်ပိုင်ဆိုင်ထားရသော အထိအတွေ့လေးတွေ၊ ရနေကြ Jeonရဲ့ ကိုယ်ပိုင်ရနံ့လေးတွေ ၊ နောက် Jeonရဲ့အရာရာ...သူလွမ်းလှပါသည်။ဒီနေ့တော့ Hoseokနဲ့အတူ Taehyungဆီသွားဖို့ ချိန်းထားကြသည်။
Taeရဲ့ တတိယအကြိမ်မြောက် အကြီးမားဆုံး ပန်းချီပြပွဲအတွက်ပေါ့။"Jiminသွားစို့"
"အေး လာပြီ"
နှစ်ယောက်သား ပြခန်းဆီရောက်သွားတော့
Taeအတွက်ပို့ပေးလိုက်သော Jeonရဲ့ဂုဏ်ပြုပန်းစည်းက ရောက်လို့နေပြီ။"Jungkookက လူသာမလာတာ
ပန်းစည်းတော့ ငါတို့ထက်စောအောင်ပို့ပေးသား""ဟုတ်ပါ့ မြန်လိုက်တာ"
"Jiminနဲ့ Hoseok လာ ငါမျှော်နေတာ"
"ဂုဏ်ပြုပါတယ် Taeရေ"
"Taehyungဂုဏ်ပြုတယ်ကွာ"
အချင်းချင်းပွေ့ဖက်ကာ နှုတ်ဆက်လိုက်သည်။ ဒီနေ့ရဲ့ ဇာတ်လိုက်လေးဖြစ်တဲ့ Taehyungက ခန့်ညားထည်ဝါစွာ ရှိနေသည်။
သူသွားမယ့်လမ်းကို သေချာပေါက် ဖြစ်မြောက်အောင် လျှောက်လှမ်းနိုင်သော Taehyungသည် ကျောင်းတုန်းကလို လူငယ်ပီပီဆိုးသွမ်းတာမျိုး ရှိမနေတော့ပေ။
အရှိန်အဝါတစ်ခု အမြဲလွှမ်းမိုးနေသော Taehyungသည် Jiminအတွက်ဆိုလျှင်ဖြင့် ရောက်ရာအရပ်ကနေ အမြဲအသင့်ရှိနေပေးတဲ့သူ။"သွားသွား Taehyung ငါတို့က ကိစ္စမရှိဘူး"
"ဟုတ်တယ် ငါတို့လည်း လျှောက်ပတ်ကြည့်အုန်းမယ် လုပ်စရာရှိတာသာလုပ်"
"အေးပါ အာ့ဆို ခဏသွားလိုက်အုန်းမယ်"
သူတို့အနားကထွက်ခွာသွားသော ပြပွဲရဲ့အဓိကကျသောလူသားလေးကို နှုတ်ဆက်ရန်စောင့်ဆိုင်းနေသူတွေက အများအပြားပင်။
အားလုံးကို သေချာလေး လိုက်နှုတ်ဆက်နေသော Taehyungသည်
ဖော်ရွေသော အပြုံးတို့ဆင်မြန်းထားပါသော်လည်း
တောက်ပသော အရှိန်အဝါတို့က ကြီးစိုးနေပြန်သည်။
YOU ARE READING
Forget Me Not
Fanfictionငါကိုးကွယ်ခဲ့တဲ့ အချစ်က မင်းတစ်ယောက်တည်း Jeon... မင်းတစ်ယောက်တည်းပဲ ♡1.1.2022-8.4.2022♡