1:1

585 103 34
                                    

ကျောင်းပြန်ဖွင့်ဖို့ နှစ်ပါတ်ကျော်လောက်သာလိုတော့သည်။ ထယ်ယောင်းကတော့ မားကိုယ်တိုင်လိုက်အပ်ပေးတာမို့ ကိစ္စမရှိ။
ကျောင်းဖွင့်ရင် ဖေဖေလိုက်ဝယ်ပေးထားတဲ့
ကျောင်းပစ္စည်းတွေနဲ့ ကျောင်းတက်ရုံပဲဖြစ်သည်။

ဘေးအိမ်က မင်ယွန်းဂီကတော့
ဟိုတစ်နေ့က နောက်ဆုံးတွေ့လိုက်ရခြင်းပင်။
မင်ယွန်းဂီတို့ အိမ်ပြောင်းလာတာ တစ်လပြည့်ခါနီးပြီဆိုပေမယ့် မင်ယွန်းဂီကို ဟိုတစ်ခေါက်ကသာ
နောက်ဆုံးတွေ့လိုက်ရသည်။
ခြံထဲကိုလည်း မဆင်းတတ်သလို ၊ အိမ်ပြင်ကိုလည်းမထွက်ချေ။

သူငယ်ချင်းလည်းမရှိဘူးထင်ပါတယ် ၊
အပြင်ထွက်ပြီးဆော့တာမျိုးတွေလည်းမရှိ။
အဲ့တာတွေကြောင့်မို့ ထယ်ယောင်းတို့က
အနစ်နာခံပြီး သူငယ်ချင်းအရင်စဖွဲ့တာကို
ငြင်းပစ်တဲ့ကောင်ကို ကိုယ့်ထိုက်ကိုယ့်ကံလို့ပဲ
တေးမှတ်ထားလိုက်တယ်။

ဒီနေ့ ထယ်ယောင်း စုဘူးခွဲမယ့်နေ့ဖြစ်သည်။
ဖေဖေပေးတဲ့မုန့်ဖိုးတွေကော ၊ မားပေးတဲ့ ပစ္စည်းဝယ်တဲ့အခါ ပိုတဲ့ ပိုက်ဆံတွေကော ရောထည့်ထားသည့် ဝက်စုဘူးလေးကိုခွဲမည်ဖြစ်သည်။
ဝက်စုဘူးလေးကို နှမြောပေမယ့်
မနေ့က လမ်းထိပ်သွားရင်းတွေ့ခဲ့တဲ့ ပါဝါရိန်းဂျားအနီကောင်အရုပ်ကို အရမ်းလိုချင်နေသည်။
ထို ပါဝါရိန်းဂျားအရုပ်က တစ်တောင်စာလောက်ရှိသည်။ စျေးကလည်း မြောက်ချက် ၊ သုံးထောင့်ခြောက်ရာတောင်။

ထယ်ယောင်း ပါဝါရိန်းဂျားအရုပ်ဝယ်ပြီးတာနဲ့
သူငယ်ချင်းတွေကို လိုက်ကြွားပစ်လိုက်မည်ဟု
ဆုံးဖြတ်ထားလိုက်သည်။

မားကလည်း အရုပ်ဝယ်မယ်ဆိုတော့မတားချေ။
အပြင်ထွက်ဆော့ရင် နေမစောင်းခင်ပြန်လာဖို့သာ
မှာသည်။

ထယ်ယောင်း ပိုက်ဆံသုံးထောင့်ခြောက်ရာကို
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ၊ လမ်းထိပ်က အရုပ်ဆိုင်လေးကို ထွက်လာခဲ့သည်။

ဟော.. တွေ့ပါပြီ။
ပါဝါရိန်းဂျားအရုပ် ။ အရုပ်က ပလတ်စတတ်နဲ့ထုတ်ထားပေမယ့် ကွာလတီကောင်းတာမို့ အနီရောင်ကရဲနေသည်။ ထယ်ယောင်းတို့ကလည်း အရောင်ရဲရဲတွေကိုမှ ကြိုက်တာ။

FIRST LOVE Where stories live. Discover now