" ထားခဲ့ ... စက်ဘီး "
ကျောင်းဆင်းချိန်မို့ စက်ဘီးပေါ်ခွတက်နေသည့်
ထယ်ယောင်းတစ်ယောက် ၊ ယွန်းဂီစကားကြောင့် ဆက်ပဲတက်ရမလို ပြန်ပဲ ဆင်းရမလိုဖြစ်သွားသည်။" ထားခဲ့ရင် မင်း ဘယ်လိုပြန်မလဲ "
" မရှည်နဲ့ ... မြို့ထဲ သွားမယ် "
ပတ်တီးဖြေပြီး သုံးရက်အကြာလမ်းသလားဖို့ တာဆူနေသည့် ယွန်းဂီကို ထယ်ယောင်း လုံးဝမနိုင် ။
အထူးအဆန်း မြို့ထဲသွားဖို့ အဖော်လာစပ်တဲ့
ယွန်းဂီကြောင့် ၊ ထယ်ယောင်း နည်းနည်းစိတ်ဝင်စားသွားကာ စက်ဘီးပေါ်မှ ပြန်ဆင်းလိုက်သည်။" ဘာသွားလုပ်ဖို့လဲ "
" အင်တာနက်ကဖေး ထိုင်ကြည့်ရအောင် "
ကွန်ပျူတာချိန်မှာတောင် ဘာတွေသင်နေမှန်းမသိဘူးလို့ ညီးညူးတတ်တဲ့ ယွန်းဂီက ၊ အခုတော့ အင်တာနက်ဆိုင် သွားချင်တယ်တဲ့လေ ။
" မဟုတ်တာတွေ ... ပြန်မယ် "
" မင်းကလည်းကွာ... လုပ်ပါ..
သွားရအောင်နော် ... နော်.. နော် ထယ်ကလည်း "အိမ်ပြန်ရန် စက်ဘီးပေါ်ခွတက်နေသည့်
ထယ်ယောင်း၏ လက်မောင်းအား ၊လက်နှစ်ဖက်ဖြင့် အတင်းဆွဲလှုပ်ကာ
လိုချင်တာမရတဲ့ ကလေးလို ဆူအောင့်ပြနေသည့်
ယွန်းဂီကြောင့် နောက်ဆုံး အရှုံးပေးရတာလည်း
ထယ်ယောင်းပါပဲ ။" ပြီးရောကွာ ပြီးရော ... မင်းမေမေကို ဘယ်လိုပြောမလဲ.. "
ထယ်ယောင်း ယွန်းဂီ ခြေကျင်းဝတ်က ပတ်တီးဖြူဖြူကို မျက်စပစ်ပြလိုက်တော့
ယွန်းဂီက သူ့မှာ အကြံရှိပါတယ်ဆိုသည့်
မျက်နှာထားဖြင့် ပြန်ကြည့်လာသည်။" ကားဂိတ်ရောက်မှ တယ်လီဖုန်းရုံမှာ ဆက်လိုက်မယ်လေ..မင်းပါနေတာပဲ လွှတ်မှာပါ "
အကြံပိုင်တယ်ဟုတ် ဟုဆိုကာ မျက်ခုံးတစ်ဖက်
ပင့်ပြလာသည့် ယွန်းဂီဟာ ဆွဲဆောင်မှုအတော်ရှိသည်။" ပြီးရော.. ပြီးရော.. ဒါဆို မြို့ထဲ ဘယ်လိုသွားမှာလဲ ... "
" ဘတ်စ်ကား စီးကြမယ် "