7:7

457 81 39
                                    

ယွန်းဂီ ထယ်ယောင်းကို ရှောင်နေမိသည်။
ဘာစိတ်ကူးတွေပေါက်ပြီး ပြေးဖက်ကာ
ငိုချခဲ့မှန်းမသိ။
အခုတော့ ထယ်ယောင်းနဲ့ မျက်နှာချင်းကိုမဆိုင်ရဲချေ။

သို့သော် မဆိုင်ချင်လည်းဆိုင်နေရသေးသည်။
ခြေခေါက်လဲတာကို ငြိမ်ငြိမ်မနေပဲ ၊ ထယ်ယောင်းကို ပြေးဖက်လိုက်ခြင်းကြောင့် ဒဏ်ပိုဖြစ်ကာ
ခေါက်ကျသွားသည့် ညာဘက်ခြေထောက်သည်
ယောင်ကိုင်းနေသည်။

ဆရာဝန်ကတော့ တစ်ပါတ်လောက်နားဖို့ပြောထားပေမယ့် ၊ လူလစ်တာနဲ့ ဟိုလျှောက်ဒီလျှောက် လုပ်နေတဲ့ ယွန်းဂီဟာ နှစ်ပါတ်လောက်မှပဲ အရှင်းပျောက်တော့သည်။

နှစ်ပတ်လောက် ကျောင်းပျက်ထားတာမို့
ထယ်ယောင်းက ညနေတိုင်းအိမ်ကိုလာပြီး ၊
စာတွေကို ပြန်ရှင်းပြသည်။
အထက်တန်းစာမေးပွဲလည်း ရောက်ခါနီးပြီမို့
ဒီအချိန်မှာ ကျောင်းမပျက်တာ အကောင်းဆုံးဆိုပေမယ့် ယွန်းဂီကတော့ ထယ်ယောင်း ရှင်းပြသမျှနှင့်သာ အဆင်ပြေနေသည်။

ဒီနေ့တော့ ခြေထောက်လည်း သက်သာနေပြီဖြစ်သည် ၊ သို့ပေမယ့် ပတ်တီးတော့ မဖြေရသေးချေ။ ခြေကျင်းဝတ်သေးသေး၌ ဖြူဖွေးနေတဲ့ ပတ်တီးကြီးဟာ မြင်လို့မကောင်းပေမယ့် ၊ယွန်းဂီကတော့ ထော့နဲ့နဲ့ဖြင့် သွားနေသည်။

ကျောင်းပြန်တက်ရမည့် နေ့ဖြစ်တာမို့
စိတ်လှုပ်ရှားနေပေမယ့် ထယ်ယောင်းနဲ့တော့ မျက်နှာချင်း မဆိုင်ရဲသေးပေ။
ရှက်စရာ တစ်စက်မှမရှိတာကိုသိပေမယ့်
ဘာကို မျက်နှာပူလို့ ပူနေမိမှန်းကိုမသိ။

သူ့ရှေ့မှာပဲ ငိုမိလို့လား
ပြိုင်ပွဲရှုံးလို့လားဆိုတာ အခုထိ စဥ်းစားလို့
မရသေးချေ။

ယွန်းဂီ အစောကြီးမထစဖူး ၊ စောစောထကာ
ထယ်ယောင်း စက်ဘီးနှင့်လာခေါ်မည်ကို မလိုက်ပဲ
ကိုယ့်ဘာသာကို သွားဖို့လုပ်ထားပေမယ့်
ပတ်တီးနဲ့ ရေချိုးရတာ အဆင်မပြေတာမို့
ရေချိုးတာက အချိန်နည်းနည်းကြာသွားရသည်။

မေမေ မရိပ်မိစေရန်
အသံကို ငြိမ်နေအောင်ထားကာ
နောက်ဖေးသို့ လှမ်းအော်လိုက်သည်။

" မေမေ... ထယ်လာပြီ ၊ သားသွားပြီနော် "

" အေးအေး သားရေ
ဒါနဲ့ စက်ဘီး ဘဲလ်သံ မကြားရပါလား "

FIRST LOVE Where stories live. Discover now