လွန်ခဲ့သော နှစ်ပါတ်ခန့်က.....
တိကျစွာပြောရလျှင် ယွန်းဂီ လေ့ကျင့်ရေးရှိသည့်နေ့
အချိန်အားဖြင့် မနက်သုံးနာရီခွဲ
" မား!!!! သားလာတယ် "
ယွန်းဂီ ထယ်ယောင်းတို့ခြံထဲကို တံခါးမရှိ ၊ ဓါးမရှိ
ဝင်ခွင့်ရထားသည်မို့ အိမ်ပေါ်တက်လာရင်နှင့်ပင်
မားကို လှမ်းအော်ခေါ်လိုက်သည်။ဒီတော့မှ ကြက်ဥ ကြော်နေပုံရသည့် မားက
ကြက်ဥကြီးကိုင်ကာ အိမ်ရှေ့သို့ထွက်လာသည်။" သား.. ယွန်းဂီ.. ထယ်ထယ်ကိုလာခေါ်တာလား "
" ဟုတ် မား... ထယ်ကော မနိုးသေးဘူးလား "
ယွန်းဂီ မားနောက်ကို လှမ်းကြည့်ကာ မေးလိုက်တော့ ၊ မားက အိမ်ရှေ့စားပွဲပေါ်ရှိ ညက မသိမ်းရသေးသည့် ပန်းသီးပန်းကန်ကို လှမ်းသိမ်းရင်း ဖြေသည်။
" အေးကွယ့်.. ညက တော်တော်နဲ့မီးမပိတ်သေးဘူး ၊ ဒီကလေး နောက်ကျမှအိပ်တယ်ထင်တယ် "
" ဟုတ် မား ... ဒါဆို သား သွားနှိုးလိုက်အုံးမယ်နော် "
မားဆီက ခွင့်ပြုချက်ရရ၊မရရ
ထယ်ယောင်းကို နှိုးတတ်တာ အကျင့်ဖြစ်နေသည့်
ယွန်းဂီသည် စကားကနောက်ကျခဲ့ပြီး ၊ လူကတော့ ခြေသံပြင်းပြင်းဖြင့် ထယ်ယောင်းအိပ်ခန်းရှိရာ
အပေါ်ထပ်သို့ ပြေးတက်နေသည်။" ထယ်... မထသေးဘူးလား "
အိပ်ခန်းတံခါး လော့ခ်မချတတ်သည့်
ထယ်ယောင်း၏ အခန်းတံခါးအား
ဝုန်းခနဲ တွန်းဖွင့်ကာ ၊ အခန်းထဲ ဝင်လာခဲ့သည်။အခန်းထဲ ဝင်ဝင်ချင်း
သေသပ်ကာ ၊ သူ့နေရာနှင့်သူ ရှင်းလင်းနေသည့်
ပစ္စည်းတွေသည် ယွန်းဂီအား လာဖွပါဟု
လက်ယပ်ခေါ်ကာ ကြိုဆိုနေသယောင်။" ထယ်!!! "
နှစ်ယောက်အိပ်ကုတင်ထက်၌ စောင်ပုံကြီးထဲ
ကွေးကာ အိပ်ပျော်နေသည့် ထယ်ယောင်းပေါ်သို့
ယွန်းဂီ ခုန်တက်လိုက်သည်။" ထယ်~~~ မထသေးဘူးလား "
ယွန်းဂီ ထယ်ယောင်းပေါ် ဖားပျံကဲ့သို့
ခွဖက်ထားရာကနေ ၊ ပက်လက်ပြောင်းပြီး လှဲချလိုက်သည်။