12:12

615 71 7
                                    

အချိန်အားဖြင့် ညရှစ်နာရီခွဲသာရှိသေးသည်။
ထယ်ယောင်းတစ်ယောက် စာကြည့်စားပွဲ၌ စာထိုင်ကျက်နေရသော်လည်း စာထဲသို့ စိတ်ပါဝင်စားမှုရှိမနေချေ။

ဘောပင်အဖုံးအား လက်သည်းဖြင့် လှန်လှန်တောက်ရင်း ၊ တိတ်ဆိတ်နေသော ညနက်အတွင်း၌ ဖြိုခွဲထွက်ပေါ်လာမည့် အသံတစ်သံကို စောင့်စားနေဟန်တူသည်။

ဘေးနားရှိ ပန်းသီးစိတ်ပန်းကန်ထဲမှ ပန်းသီးတစ်စိတ်အား ကောက်စပ်လိုက်သည့်အခါ ချိုရမည့်အစား ၊ စပ်သွားသည်မို့ ကျွတ်တစ်ချက်စုတ်လိုက်သည်။ ပန်းသီးပန်းကန်အား ကိုင်ကာ ၊ နှာခေါင်းတရှုံ့ရှုံဖြင့် အနံ့ခံကြည့်လိုက်တော့ ကြက်သွန်နီအနံ့ပါ ရနေသည်။

စိတ်ပျက်လက်ပျက်ဖြင့် ပန်းသီးပန်းကန်ကို ပြန်ချကာ ၊ ထွက်ပေါ်လာမည့် အသံကိုသာ စိုးရိမ်တကြီးစောင့်စားနေလိုက်သည်။

ထယ်ယောင်းဘက်က ပြတင်းပေါက်တံခါး ဖွင့်ထားသော်ငြားလည်း ၊ တစ်ဖက်က ယွန်းဂီအခန်းလေးကတော့ ပြတင်းတံခါးနှစ်ချပ်လုံးကို တင်းတင်းစေ့ပိတ်ထားသည်။

ခနအကြာ ပိန်းပိန်းမှောင်မိုက်နေသည့် ယွန်းဂီအခန်းတွင်း၌ မီးလေးတစ်ပွင့်လင်းလာသည် ။ ရေးနေလက်စ Essay အား ပစ်ချကာ ၊ အံဆွဲထဲရှိ အသင့်ချိုးထားပြီးသား
မြေဖြူခဲစလေးတွေကို လက်တစ်ဆုပ်ယူကာ တစ်ဖက် ယွန်းဂီ ပြတင်းပေါက်ဆီသို့ ပစ်ပေါက်လိုက်၏။

အခန်းတွင်းမှ တိုးညှင်းညီးနေသော ယွန်းဂီ၏ သီချင်းသံသည် မြေဖြူပေါက်သံကြောင့် ငြိမ်သက်သွားသည် ၊ သို့သော် ပြတင်းတံခါးကိုတော့ လာမဖွင့်ချေ။

ထယ်ယောင်း နောက်တစ်ခါ ပြတင်းတံခါးအား မြေဖြူစများဖြင့် ထပ်ပေါက်သည်။ ယွန်းဂီသည် အခန်းတွင်းရှိနေရက်သားနှင့် ထယ်ယောင်းအား ထွက်မတွေ့သည်မှာ နှစ်ပတ်ကျော်ပြီဖြစ်သည် ။ စာမေးပွဲစတာတောင် အထယ်ယောင်းဆီပင် စာလာမလုပ်တော့ ။ မနက်တိုင်းလည်း ထယ်ယောင်း သွားကြိုရင် ၊ မင်းသူငယ်ချင်းက သွားနှင့်ပြီဆိုသည့် အဖြေကိုသာ ကြားနေရသည်။

ထယ်ယောင်း စိတ်မရှည်တော့ချေ ။
ဟန်းဖုန်းလေးတွေရှိလည်း ကောင်းသား ၊ တတီတီနဲ့ နှိပ်ပြီး ဆက်ခေါ်လိုက်ရုံပဲ ။ နာရီဝယ်မယ့် ပိုက်ဆံကို တယ်လီဖုန်းဝယ်လိုက်ရင် ကောင်းသားလို့တောင် ထယ်ယောင်း တွေးမိသည်။

FIRST LOVE Where stories live. Discover now