4:4

518 94 64
                                    

ကလင် ၊ ကလင် ။
စက်ဘီးဘဲလ်သံ နှစ်ချက်အဆုံး ၊ သစ်စိမ်းရောင်သုတ်ထားတဲ့ အိမ်လေးထဲက ကောင်လေးတစ်ယောက်ပြေးထွက်လာသည်။ ထို့နောက် ခြံထဲမှာ
ရေဆေးပြီးသား လိမ္မော်သီးနှစ်လုံးကိုလည်း ပြေးရင်းလွှားရင်း နှိုက်လာခဲ့သည်။

" လွယ်အိတ်ကိုင်ထားပေး "

ကျောကုန်းကြီးထိုးပေးလာတဲ့
ယွန်းဂီ ကိုယ်ပေါ်က လွယ်အိတ်အား
လက်ပြောင်းယူကာ ၊ အဆင်သင့် ဇစ်ဖွင့်ပေးလိုက်သည်။ ဒီတော့မှ သွားဖုံးရဲရဲတွေပေါ်တဲ့အထိ ဟီးခနဲရီပြရင်း အသင့်ဖွင့်ထားသည့် လွယ်အိတ်ထဲ ၊ စောနက ယူလာသည့် လိမ္မော်သီးနှစ်လုံးပစ်ထည့်လိုက်သည်။

" မင်းကိုင်ခဲ့... ထိန်းထားနော်.. ငါတက်ပြီ "

ထယ်ယောင်း ခေါင်းညိတ်ပြတော့မှ
သူ့ပခုံးကို အားပြုပြီး ၊ စက်ဘီးကယ်ရီယာပေါ် ခွတက်လာသည့် ယွန်းဂီပင်။

" သေချာကိုင်ထားနော်... ငါနင်းပြီ "

" အေး "

ယွန်းဂီ ထယ်ယောင်းခါးအား လက်နှစ်ဖက်ဖြင့် ညှစ်ဖက်လိုက်တော့ ၊ ထယ်ယောင်းခမျာ အင့်ခနဲရယ်။ ဒါပေမယ့်လည်း အထွန့်မတက်ရဲ ၊ ကိုယ်တော်ချောက ကောက်နေအုံးမည်။

အခုဆိုရင် ထယ်ယောင်းတို့နှစ်ယောက်လုံး
ခြောက်တန်းအရွယ်ကျောင်းသားတွေဖြစ်နေကြပြီဖြစ်သည်။ အသက်အရွယ်တွေကြီးမားလာသည်နှင့်အမျှ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုလည်းပြောင်းလဲလာတာမို့ နှစ်ယောက်စလုံး အရပ်ရှည်လာတာကလွဲလို့ ကျန်တာတွေမပြောင်းလဲသေးပေ။

ထယ်ယောင်းကတော့ နဂိုထဲက အရပ်ရှည်တာမို့
ရှစ်တန်းကျောင်းသားအရွယ်ကြီးလိုပဲ။ ယွန်းဂီကလည်း ဖွံ့ဖြိုးသင့်သလောက်ဖွံ့ဖြိုးပြီး ၊ အရပ်ရှည်သင့်သလောက်ရှည်ပေမယ့် ထယ်ယောင်းနှင့်ယှဥ်ရင်တော့ အတော်လေးသေးကွေးလှသည်။

အဲ့အရပ်ရှည်တဲ့ကိစ္စနဲ့လည်းပက်သက်ပြီး
" မင်းက ဘာတွေခိုးစားနေလို့.. ဒီလောက်ရှည်နေရတာလဲ " ဆိုတဲ့ ယွန်းဂီရဲ့စကားကို ထယ်ယောင်းမကြားချင်မှအဆုံး။

ငယ်ငယ် မူလတန်းတုန်းက ခင်ခဲ့သမျှကောင်တွေက တစ်ခြားကျောင်းတွေကိုပြောင်းသွားပေမယ့် ၊ မိဘချင်းပါခင်မင်ရင်းနှီးနေကြတဲ့ ထယ်ယောင်းတို့ကတော့ အလယ်တန်းကျောင်းလည်း အတူတူတက်ကြသည်။

FIRST LOVE Where stories live. Discover now