5:5

584 81 93
                                    

" ထယ် မြန်မြန်လုပ်ပါကွ..
မင်း ရေချိုးခန်းထဲဝင်နေတာ ဆယ်မိနစ်ကျော်နေပြီ ...  နောက်ကျရင် မင်းကိုသတ်မှာနော် "

" အေး .. သွားတိုက်နေတယ် "

" မြန်မြန်လုပ်.... ကြာမနေနဲ့တော့နော် "

ယွန်းဂီ ရေချိုးခန်းနားကပ်ကာ
အသေချာနားထောင်လိုက်သည်။ ရေကျသံကြားရပြီဆိုတော့မှ စိတ်ချလက်ချဖြင့် အခန်းထဲပြန်ဝင်သွားလေသည်။

မားကတော့ နှစ်ယောက်လုံးစာ ၊ စားဖို့ရာ ထမင်းဘူးထုတ်ပေးနေသည်။ ယွန်းဂီမေမေ ကလည်း လုံလုံလောက်လောက် ထမင်းဘူးထည့်ပေးလိုက်တာမို့ ဒီနေ့တော့ ယွန်းဂီတို့နှစ်ယောက် ဗိုက်ကားမည့်နေ့ပင်။

အချိန်အားဖြင့် မနက်သုံးနာရီခွဲသာရှိသေးသည်။
ဆောင်းရာသီကြီးမို့ ခိုက်ခိုက်တုန်အောင် အေးနေပေမယ့် ၊ ယွန်းဂီကတော့ နီးကပ်လာသည့် ဘတ်စ်ကတ်ဘောပွဲကြီးကြောင့်  လေ့ကျင့်ရေးသွားရမည်ဖြစ်သည်။ ဒါကို အေးဆေးအိပ်နေလို့ရသည့်
ထယ်ယောင်းက မင်းတစ်ယောက်တည်း ပျင်းနေမှာဆိုးလို့ဆိုသည့် အကြောင်းပြချက်နှင့်လိုက်လာသည်။

ခနအကြာ တံခါးဖွင့်သံနှင့်အတူ
ရေစက်လက်နှင့် ထယ်ယောင်း ရေချိုးခန်းဖဲကနေ ထွက်လာလေသည်။

" စောစောစီးစီး ခေါင်းလျှော်နေပြန်ပြီ
ဖျားမယ် "

" ရော့ ယူထား.. အကျီဝတ်ပြီး လာခဲ့မယ် "

ထယ်ယောင်း ခေါင်းပေါ်တင်ထားတဲ့
တဘက်အပွအနုလေးအား ကုတင်ပေါ်မှာထိုင်နေသည့် ယွန်းဂီဆီသို့ လှမ်းပစ်ပေးလိုက်သည်။

ယွန်းဂီကလည်း အလိုက်သိစွာ
တဘက်ကို လှမ်းဖမ်းပြီး ၊ ကုတင်ပေါ်ပစ်လှဲချလိုက်လေသည်။ ထယ်ယောင်းကတော့ အပေါ်ပိုင်းဗလာနှင့် ဗီရိုထဲရှိ အကျီများထဲမှ
ဒီနေ့နှင့် သင့်တော်မည့် အကျီတစ်ထည်အား
ကောက်စွပ်လိုက်သည်။

ဟိုးငယ်ငယ် ကိုးနှစ်အရွယ်ထဲက
အခုအချိန် 16 နှစ်ကျော်သည်အထိ
မမြင်ရတဲ့နေ့ဆိုတာ မရှိခဲ့တာကြောင့်
ထယ်ယောင်း ဘယ်နေ့က ဘယ်အကျီကိုဝတ်ခဲ့တာကအစ မှတ်မိတတ်တဲ့ ယွန်းဂီနဲ့ ၊ အကျီတစ်ထည်ကို လေးရက်ဝတ်တဲ့ ထယ်ယောင်းဟာ
တစ်ခါတစ်လေ ညစ်ပတ်တယ်ဆိုတဲ့ ယွန်းဂီစကားတစ်ခွန်းနဲ့ နောင်ချိန်ချကြရပြန်သည်။

FIRST LOVE Where stories live. Discover now