" ယွန်းဂီ ငါတို့ ဘောလုံးသွားကန်ရအောင် "
တနဂ်နွေနေ့ ညနေခင်းတစ်ခုမှာ
ထယ်ယောင်း ၊ လမ်းထိပ်က ဘောလုံးကွင်းမှာ
ဘောလုံးသွားကန်ဖို့ ယွန်းဂီကိုအဖော်စပ်လိုက်သည်။" ငါမကန်တတ်ဘူး "
" မကန်တတ်လည်း လိုက်အားပေးကွာ..
ယောကျာ်းဖြစ်ပြီး မကန်တတ်ရဘူးလို့ "သိမ်ငယ်သွားလည်း မတတ်နိုင်။
ဒီကောင် များနေပြီ ၊ ဟိုဟာဆိုလည်း မလုပ်တတ် ၊ သချ်ာဆိုလည်း ပြန်ရှင်းပြပါအုံးနဲ့..
သူများ အကူညီပဲလိုက်ယူနေတာ။ခုလည်းကြည့် သူတစ်ယောက်တည်းပျင်းနေမှာဆိုးလို့ ၊ ဘောလုံးကန်ဖို့ခေါ်တာတောင်
မကန်တတ်ဘူးဆိုပြီး ငြင်းနေသေး၏။
သိပ်ပြီးကြည့်လို့မရတော့ဘူးနော်...
ကင်မ်ထယ်ယောင်း လက်ဆစ်က မင်ယွန်းဂီ ခေါင်းထိပ်နဲ့ မိတ်ဆက်တော့မယ်။" သွား.. အကျီသွားလဲ.. မြန်မြန်လုပ်..
ငါစက်ဘီးထုတ်ထားမယ် "" လမ်းထိပ်က နီးနီးလေးကို.. စက်ဘီးကြီးနဲ့ "
" လျှာရှည်တယ်.. မြန်မြန်သွားလဲ.. ခြံဝကစောင့်နေမယ် "
အထွန့်တက်ပြနေတဲ့ ယွန်းဂီကို
လက်သီးထောင်ပြလိုက်တော့မှ အိမ်ထဲလုံးလုံးနှင့်
ပြေးဝင်သွားတော့သည်။ ထယ်ယောင်းလည်း
အိမ်ပေါ်တင်ထားတဲ့ စက်ဘီးအပြာလေးကိုထုတ်ကာ ယွန်းဂီတို့ခြံဝက စောင့်နေလိုက်သည်။တကယ်တော့ ထယ်ယောင်း စက်ဘီးအသစ်လေး
ဘယ်လောက်ထိမိုက်ကြောင်း ၊ ဟိုကောင်တွေကိုကြွားရင်းနဲ့ ယွန်းဂီကိုပါ တစ်ဆက်တည်းကြွားချင်လို့ဖြစ်သည်။" ထယ်ထယ်.. ဘယ်လဲ စက်ဘီးကြီးနဲ့ "
" ယွန်းဂီနဲ့ ဘောလုံးသွားကန်မလို့ မား "
" အေးအေး ညနေမစောင်းခင် ပြန်လာခဲ့နော် "
မားကို ခေါင်းတစ်ချက်ညိတ်ပြပြီး ၊ စက်ဘီးကို ဟန်ပါပါဒေါက်ထောင်ရင်း ဗီဒီယိုရုပ်ရှင်တွေထဲမှာ တွေ့နေကြ မင်းသားတွေကဲ့သို့ စက်ဘီးအပြာလေးကို လက်ဖဝါးနှင့်တစ်ချက်သပ်လိုက်သည်။
ဆယ့်ငါးမိနစ်လောက်ကြာသည်အထိ ယွန်းဂီထွက်မလာသေးချေ ၊ အကျီဝင်လဲတာ အဲ့လောက်တောင်ကြာရလား ။ လိုက်ဝင်သွားချင်ပေမယ့်
သူ့အမေကြီးရှိနေရင် အမြင်မကြည်ပဲ သူ့ပါ ဆွဲရိုက်နေရင်ဒုက္ခ။