8☘️

1.8K 166 0
                                    

{Unicode version ☘️}

တင်တင်လည်းရှိုင်းနောင်နဲ့လေပေါနေတာထမင်းစားချိန်တောင်နီးတော့အိမ်ပြန်လာခဲ့ပီလေအိမ်မှာအငယ်တယောက်နဲ့ပိုင်ပိုင်တို့ရှိသေးတယ်....ခြံထဲအဝင်အိမ်ပေါက်ဝမှာငုတ်တုတ်စကားများကြသောကလေးပေါက်နှစ်ယောက်လူလာတောင်မတွေ့ပဲဘာတွေပြောနေကြသလည်းစပ်စုလိုသဖြင့်

"ဟေ့…"

"အမလေး…ငုတ်တုတ်ကြီးရယ်"

"အာ…မမရယ်လန့်လိုက်တာ"

"အေးလေမကြီးတင်ကလည်းသားဖြင့်လန့်သွားတာပဲအသံပေးမှပေါ့"

ကလေးပေါက်နှစ်ယောက်ကိုခေါင်းခေါက်ပီးတင်တင်ကဒီလိုဆိုပြန်တယ်

ခွပ်...!

"ကဲ…!မှတ်မပါလားဒီကလေးနှစ်ယောက်ကျုပ်လာတာတောင်ရှင်တို့နှစ်ယောက်ကမတွေ့ပဲနဲ့"

"အာရာ…နာတယ်ရယ်"

"နာလိုက်တာမမရာ"

"နာအောင်လုပ်တာလာခဲ့ကွပ်ပစ်ပေါ်"

တင်တင်အရှေ့ကဦးဆောင်ပီးကွပ်ပစ်ပေါ်လာပီးကလေးနှစ်ယောက်ကအနောက်ကနေနှုတ်ခမ်းဆူပီးလိုက်လာလေရဲ့

"ကဲ…ဆိုဘာတွေပြောနေလို့ကျုပ်လာတာမတွေ့တာလည်းပြောပါအုံး"

တင်တင်ကစကားစတော့ရဲလေးကပိုင်ပိုင်ရဲ့ပုခုံးကိုပုတ်ပီး

"ဒီ‌ကောင်ပေါ့မမရယ်…သူ…သူ.
အွတ်…အွန့်"

ရဲလေးပါးစပ်ကိုအလျင်မြန်အောင်ပိတ်လိုက်ရတယ်တော်ကြာမကြီးတင်သိသွားရင်ဒုက္ခမဟုလား

"ဘာမှမဟုဘူးမကြီးတင်'ဟိးး"

"ဟဲ့…ပြောကြစမ်းအမှန်တိုင်းပြောနော်"

ရဲလေးရဲ့ပါးစပ်ကိုပိတ်ထားတဲ့လက်ကိုလွှတ်ချလိုက်ပီးပိုင်ပိုင်လက်ဝါးချင်းပွတ်နေပီစကားစဆိုတယ်

"အမှန်တိုင်းပြောရင်သားကိုမဆူနဲ့နော်မကြီးတင်"

"ဟုတ်ပါပီရှင်…!ပြောပါအုံးမကြီးကို"

"ဟျောင့်…!ရဲလေးပြောပြလိုက်တော့"

"သူပြောမလိုနဲ့ဒီမအေဘေးကတော့"

ယော်...ခက်ပြီ (Complete)Where stories live. Discover now