Chapter 5

2K 226 3
                                    

Unicode

အခန်း{၅}

အမှုန်အမွှားတွေတော့ရှင်းသွားပေပြီ

          
 

                                                                             နန်းဆောင်အတွင်းရှိ လေထုသည် ပိုမိုပြင်းထန်လာကာ သလွန်တော်ပေါ်ရှိ ဧကရာဇ်ကျောင်းယန် ၏အလောင်းအား မည်သူမျှ စိုးရိမ်ပူဆွေးနေခြင်းမရှိတော့ဘဲ ၎င်းတို့၏ အာရုံစူးစိုက်မှုသည် ကွာဟနေသည့် အမိန့်တော်နှစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။

ကျန်းနျန်လင် သည်ဒေါသတကြီး ချောင်းဆိုးလိုက်သည်အထိ ဒေါသထွက်နေသော်ငြား မင်းဆက်သုံးဆက်တွင် အမှုထမ်းခဲ့သည့် အရာရှိတစ်ဦးဖြစ်ရန် အမှန်တကယ် ထိုက်တန်သူဖြစ်သည်။

လျန်ကျန်း သည်လူအုပ်ကြီးလက်ထဲတွင် ရှိနေသည့် ဘုရင့်အမိန့်တော်နှစ်ခုအား ပြန်ယူလိုက်ပြီး ထိုသူ့အား ဂရုမစိုက်တော့ပေ။ အမိန့်စာအားငုံ့ကြည့်ရင်း ရုတ်တရက် ခေါင်းငုံ့ကာ ငိုယိုနေသော ကိုယ်လုပ်တော်များထဲမှ အမျိုးသမီးတစ်ဦးကို မေးလိုက်သည်။

"ကျောင်းယီ မယ်မယ်၊ အသင့်မှာ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ကြင်ယာတော်အဆင့်ကို ရာထူးတိုးတုန်းကရခဲ့တဲ့ စာအုပ်ကနန်းတော်ထဲမှာရှိသေးလား?"

ဖန်းကျောင်းယီ သည်သူမ၏ နာမည်ကို ဖော်ပြပြီးနောက် လန့်ဖျပ်သွားခဲ့ပြီး အချိန်အတော်ကြာပြီးနောက်မှ သူမက‌ပြောလာ၏။

"ရှိ၊ ရှိပါတယ်......"

လျန်ကျန်းသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး

"ဒါဆို အသင့်အခန်းထဲက စာအုပ်ကိုတစ်စုံတစ်ယောက်ကို ယူလာခိုင်းဖို့ ကျောင်းယီ မယ်မယ်ကိုအနှောင့်အယှက်ပေးလို့ရမလား?"

ဖန်းကျောင်းယီ ကမဝံ့မရဲပြောသည်။

"ကျောင်း၊ကျောင်းဝမ်...... ရှင်ကဘာလုပ်မလို့လဲ?"

ကျန်းနျန်လင်နှင့် အခြားလူများက စိတ်မရှည်စွာပြောလေ၏။

"မင်း ဒါကရောထပ်ပြီးဘယ်လို လှည့်ကွက်တွေ သုံးနေပြန်ပြီလဲ! အခု အရှင်မင်းကြီးရဲ့ အမိန့်အကြောင်း ပြောနေတာကွ! ကျောင်းယီ မယ်မယ် ကိုသူ့ရဲ့စာအုပ် ယူလာခိုင်းပြီး ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ?!"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now