Chapter 20

1.3K 135 8
                                    

Unicode

အခန်း {၂၀}

သဝန်တိုစိတ်ကကြောက်ခမန်းလိလိ

မျက်စိတမှတ်အတွင်း နှစ်ဆုံးတောင်ရောက်လေပြီ။ တစ်နှစ်တာ တိုင်းပြည်၏ ဝမ်းနည်းခြင်းကာလလည်းပြီးဆုံးလေပြီပင်။ အချိန်အတော်ကြာ တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည့် တိုင်းပြည်ကြီးသည် ပြန်လည်သက်ဝင်စည်ကားသိုက်မြိုက်လာလေ၏။ ငြိမ်းချမ်းသာယာဝပြောနေကာ ရွှေရောင်များတဖိတ်ဖိတ်တောက်ပလျက် ရောင်ပြန်ဟပ်နေပေသည်။ ချုပ်တည်းထားရသည့် ဂုဏ်သရေရှိလူကြီးများသည်လည်း နည်းအမျိုးမျိုးပြောင်းကာ ပျော်မွေ့နေကြလျက်။
နန်းတည်မြို့တော်ထဲ၌လည်း အရေးကြီးဆုံးပထမဦးစားပေးအချက်မှာ နှစ်သစ်ကူးပွဲတော် ပြင်ဆင်ခြင်းအခမ်းအနားပင်။

တိုင်းပြည်ဝမ်းနည်းပူဆွေးခြင်းကာလပြီးနောက် ပထမဆုံးနှစ်သစ်ကူးပွဲတော်ကို ထုံးစံအတိုင်း ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကျင်းပရပေမည်။ *ဖန်းဝမ်တို့၏ လက်အောက်ခံပြည်နယ်များနှင့် နယ်စပ်ရှိလက်အောက်ခံနယ်မြေများက မြို့တော်သို့ တစ်ယောက်ယောက်ကို စေလွှတ်ကာ မနက်အစောပိုင်းတွင် ဘုရင်မင်းမြတ်အသစ်ကို ဂုဏ်ပြုကြိုဆိုမည်ဖြစ်သည်။ နိုင်ငံတော်တော်များများရှိ လူမျိုးစုများ လာရောက် ဂါရဝပြုကြမည်ပင်။

နှစ်သစ်ကူးပွဲတော်ထိုနေ့က ဘုရင်မင်းမြတ်သည် ဖုန့်ထျန်းနန်းဆောင်ရှိ ပလ္လင်ထက်ထိုင်ကာ အရပ်ဘက်နှင့်စစ်ဘက်အရာရှိများနှင့် လက်အောက်ခံနိုင်ငံအသီးသီးမှ သံတမန်များက လာရောက်ဂါရဝပြုကြပြီး ဆုတော်လာဘ်တော်များ ပြန်လည်ကာ ချီးမြှင့်မည်ဖြစ်သည်။

ထီးနန်းပလ္လင်ထက်ထိုင်နေသည့် ကျူ့ယွင်ရွှမ်းသည် ယခု‌အခါ ရေမြေ့အရှင်သခင်တစ်ပါး အဖြစ် ပို၍ပို၍ဩဇာတိက္ကမနှင့် ကြီးမြတ်ထည်ဝါလာပေ၏။ အနည်းဆုံး မျက်နှာမော်ချီလျက် သူ၏အကြည့်များသည် လူအုပ်ကြီးအားတစ်ဆင့်ချင်း ဖြည်းညင်းစွာဖြတ်ပြေးနေလေသည်။ မလှုပ်မယှက် အသံမပြုရဲကြစွာဖြစ်နေသည့် စိမ်းသက်လှတဲ့မျက်နှာတိုင်းကို မှတ်သားနေလေသည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now