Chapter 14

1.3K 154 16
                                    

Unicode

အခန်း{၁၄}

စိုးရွံ့ထိတ်လန့်နေဆဲ


ကျူ့ယွင်ရွှမ်း၏ မျက်ဝန်းထဲ၌ ရှုပ်ထွေးမှုများပေါ်လွင်နေ၏။ လျန်ကျန်း ဘာတွေပြောနေလဲဆိုတာ နားမလည်သလောက်ပင်။ လျန်ကျန်းသည် သူ့နားတိုးလာပြီး နားရွက်နားလေးကပ်ကာ အသံတိုးတိုးဖြင့် ထပ်မံပြောလိုက်သည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး အရှင့်ကိုအိပ်ဆောင်ထဲ ပြန်လိုက်ပို့ပေးမယ်လို့။"

"မလို...မလိုဘူးရယ်။"

ကျူ့ယွင်ရွှမ်းသည် သူ့ခေါင်းကိုတွင်တွင်ခါးယမ်းလိုက်ပြီး ယိမ်းထိုးစွာဖြင့် ထရပ်လိုက်သည်။ မတ်တပ်ထရပ်လိုက်သည်နှင့် ခြေထောက်များသည် ပျော့ခွေသွားပြီး ထိုင်ခုံပေါ်ပြန်ထိုင်ချလိုက်သည်။ ကောင်းအန်းသည် သူ့ကိုကူဖို့အလျင်စလိုပြေးလာသော်ငြား လူအားမထိရသေးခင်မှာပဲ လျန်ကျန်း၏ တွန်းထုတ်ခြင်းခံလိုက်ရ၏။

လျန်ကျန်းသည် မူးနေသေးသည့် ကျူ့ယွင်ရွှမ်းရှေ့တိုးကပ်သွားကာ စိုက်ကြည့်ရင်းမျက်လုံးအရောင်သည် မည်းမှောင်သွားလေ၏။ ကောင်းအန်းအား ဩဇာသံဖြင့် အမိန့်ပေးလိုက်၏။

"မင်းလူအားလုံးခေါ်ပြီးထွက်သွား။ မဆင့်ခေါ်မချင်း ဝင်မလာခဲ့နဲ့။"

ကောင်းအန်းသည် မနာခံစွာဖြင့် ကျူ့ယွင်ရွှမ်းအား စိုးရိမ်တကြီးကြည့်ကာ

"အရှင်မင်းကြီး...."

"ထွက်သွား"

လျန်ကျန်းသည် တစ်ခေါက်ထပ်ပြောလိုက်သည်။

"ဝမ်ရယ်၊ အရှင်လုပ်လို့မရ...."

လျန်ကျန်းသည် သူပြောလာမည့် စကားများကိုဖြတ်ကာ အေးစက်စွာစိုက်ကြည့်လိုက်ပြီး ခါးကိုကိုင်းကာ ကျူ့ယွင်ရွှမ်းအားပွေ့ချီလိုက်သည်။ ကျူ့ယွင်ရွှမ်းသည် လန့်သွားပြီး မသိစိတ်ကရုန်းကန်လာ၏။ လျန်ကျန်းသည် သူ့လက်ကိုဖမ်းချုပ်ထားလိုက်ရင်း ပွေ့ဖက်ထားလျက် ခြေလှမ်းကျဲများဖြင့် အိပ်ဆောင်ထဲသို့ဝင်သွားလေသည်။

သလွန်တော်ပေါ် ပစ်ချခံလိုက်ရ၍ ကမ္ဘာကြီးပတ်ချာလည်သွားသလို ခံစားလိုက်ရချိန် သူမတုံ့ပြန်နိုင်ခင်မှာပင် လျန်ကျန်းသည် ခန္ဓာကိုယ်ဖြင့်အုပ်မိုးကာ ကျူ့ယွင်ရွှမ်းအား သူ့အောက်တွင်ဖိကပ်ထားလိုက်၏။ လက်နှစ်ဖက်အား ဦးခေါင်းထက်မြှောက်ကာ ဆုပ်ကိုင်ထားပြီး ခြေထောက်နှစ်ချောင်းလည်း မလှုပ်ရှားနိုင်အောင်ရစ်ပတ်ထားသည်။ ပြင်းပြသောအနမ်းများသည် တစ်နေရာပြီးတစ်နေရာ ဆင်းသက်လာသည်ကြောင့် သူ့ရင်ထဲထိတ်လန့်သွား၏။ စောဏကထိ ရီဝေဝေဖြစ်နေတာတောင် အခိုးအငွေ့လို‌ ချက်ချင်းပျောက်သွားပြီး အပြင်းအထန်ခုခံလာ၏။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ حيث تعيش القصص. اكتشف الآن