Chapter 39

928 124 26
                                    

Unicode

အခန်း {၃၉}

လျှို့ဝှက်အမိန့်တစ်ခု


ဆယ့်တစ်လပိုင်းထဲဝင်လာပြီးနောက် နှင်းများထူထဲစွာကျနေသည်မှာမရပ်မနား။ ရာသီဥတုမှာပို၍အေးသထက်အေးလာလေပြီ။ ကျူ့ယွင်ရွှမ်း အအေးမိသွားပြီးနောက်မှာ သက်သာလိုက်ပြန်ဖျားလိုက်နှင့် မနက်ခင်းညီလာခံရပ်လိုက်ရပြန်သည်။ အစီရင်ခံစာများကိုပင် ထပ်မသုံးသပ်နိုင်တော့ဘဲ အတွင်းဝန်အဖွဲ့ကိုသာ ကိုင်တွယ်ရန်လွှဲပြောင်းပေးထားခဲ့ရပြီး နိုင်ငံ့အရေးကိစ္စတွေမှာ အလွန်အမင်းပေါ့လျော့လာခဲ့လေသည်။

ခုနစ်လအရွယ်ဗိုက်ကို မပေါ်အောင်လို့အဝတ်ထူထူကြီးတွေနဲ့ ထွေးပတ်ထားရသည်။ ကျူ့ယွင်ရွှမ်းမှာ အစားလျှော့စားတာကြောင့် ဗိုက်ထဲက ကလေးလေးမှာ သိပ်ကိုသနားစရာကောင်းရှာပေတယ်။ သမားတော်ဖန်းမှာ သူ့ဝမ်းဗိုက်ကို အကြိမ်ကြိမ်စစ်ဆေးပေးကာ ချီတုံချတုံဖြင့် မပြောထွက်ရဲချေ။

ကျူ့ယွင်ရွှမ်းက ထိုကလေးကို ဂရုမစိုက်။ ဘယ်လောက်ပဲပြောပြော သူ့အတွက် စိတ်ပင်ပန်းအောင် တွန်းပို့သလိုဖြစ်မှာ။

ကန်းလင်နန်းတော်တံခါးကို ရက်ပေါင်းများစွာပိတ်ထားခဲ့ပြီး အရှင်မင်းကြီးထံ လာရောက်အခစားဝင်ကြသည့်အရာရှိများမှာ တံခါးအပြင်ဘက်ကနေ တားဆီးခြင်းခံထားရသည်။ နန်းတော်အပြင်ဘက်၌ ကောလဟာလမျိုးစုံပျံ့နှံ့စပြုလာလေပြီ။ ရက်အတော်ကြာပြီးနောက် စိုးရိမ်ပူပန်မှုတွေနဲ့ ရှုးဟယ်မင်းသမီးကြီးသည် နန်းတော်ထဲသို့လူကိုယ်တိုင်ဝင်ရောက်ကာ နောက်ဆုံးကျမှ ကျူ့ယွင်ရွှမ်းမျက်နှာတော်ကို ဖူးလိုက်ရချေ၏။

ကျူ့ယွင်ရွှမ်းသည် ပင်မနန်းဆောင်ထဲရှိ ခစားနေကြတဲ့နန်းတွင်းသူတွေကို အကုန်ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။ ရှုးဟယ်မင်းသမီးကြီးအားမြင်တော့ ဖြူရော်နေတဲ့မျက်နှာထက် ရွှေထက်ရှားသည့် စိတ်လွတ်ကိုယ်လွတ် ပြုံးရိပ်လေးထင်နေခဲ့သည်။

"အရီးတော် စိတ်မပူပါနဲ့။ ကိုယ်တော် နေကောင်းနေပါပြီ။"

"ဒါပေမဲ့ အရှင်မင်းကြီး အခုလိုပုံက........"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now