Chapter 38

933 108 12
                                    

Unicode

အခန်း {၃၈}

သွားတစ်ချောင်းအတွက် သွားတစ်ချောင်း




ကျင်ရွေ့ ဒုတိယနှစ်၊ ပင်ဝူနှစ် ဆယ်လပိုင်း၊ ရွှမ်းသယ်နန်းဆောင်။

ယနေ့သည် လဝက်တိုင်း တစ်ကြိမ်ပြုလုပ်သည့် တော်ဝင်မဟာညီလာခံဖြစ်ပေတည်း။ မြို့တော်ရှိ ပဉ္စမဆင့်အထက် အရပ်ဘက်နှင့်စစ်ဘက်အရာရှိများတက်ရောက်ကြမည်။ ကျူ့ယွင်ရွှမ်းသည်ကား ပုန်ကန်သူကိုဖော်ထုတ်လိုက်လေပြီ။ ဝန်မင်းများအဖွဲ့မှာ လျှောက်တင်စရာမရှိတော့၍ ညီလာခံသိမ်းတော့မည့်အချိန် ဘုရင်မင်းမြတ်သည် မြို့တော် တောင်ပိုင်းတပ်ရင်းရဲ့ တပ်မှူးကျန်းစန်းနှင့် ဒုတပ်မှူးလျိုချီကျုံးအား ရှေ့ထွက်လာရန်အမိန့်ပေးကာ ယမန်နှစ်က ဘဏ္ဍာရေးရာဝန်ကြီးဌာနက စစ်မှုထမ်းလစာအဖြစ်ထုတ်‌ပေးထားတဲ့ငွေတွေ ဘယ်ရောက်သွားသလဲဟု မေးလာသည်။

ထိုလူနှစ်ယောက်မှာ အတော်လေးတည်ငြိမ်နေပြီး ကျူ့ယွင်ရွှမ်း ဘယ်လိုအဖြေလိုချင်လဲ လိုချင်တာပြန်ဖြေပေးလိုက်မည်။ ငွေတွေကို ဘယ်နေရာမှာ‌ခွဲဝေပေးပြီး သူတို့ဘယ်အချိန်မှာပေးခဲ့တယ်ဆိုတာ တစ်ခုချင်းစီအသေးစိတ်ရှင်းပြပြီး ကျိုးကြောင်းဆက်စပ်တဲ့ သက်သေအထောက်အထားတွေရှိလေသည်။

"ဟုတ်သလား?"

ကျူ့ယွင်ရွှမ်း၏ အသံမှာနက်ရှိုင်းသွားပြီး ရာဇပလ္လင်မြင့်ထက်ထိုင်နေသည့် အမူအယာမှာ လူတွေကိုမရှင်းမလင်းဖြစ်သွားစေ၏။

"ဘာလို့များ ကိုးလပိုင်းမှာ တော်ဝင်ရုံးတော်ကထုတ်ပေးတဲ့ စစ်မှုထမ်းလစာကို နောက်နှစ်နှစ်လပိုင်းမှ ထုတ်ပေးဖို့အချိန်ဆွဲနေရတာလဲ?"

တပ်မှူးကျန်းက သတိချပ်လျက် ပြန်လည်ဖြေကြားလာသည်။

"တော်ဝင်ရုံးတော်က စစ်မှုထမ်းလစာကို နှစ်ဝက်တစ်ကြိမ်ထုတ်ပေးကြောင်းပါ။ အသေးစိတ်စစ်ဆေးဖို့လိုတာကြောင့် တစ်ခုပြီးတစ်ခုတွက်ချက်ပြီး လူတိုင်းရဲ့လက်ထဲကို ပြန်ထုတ်ပေးတာပါ။ အမှန်တော့ အချိန်နည်းနည်းသုံးဖို့လိုပါတယ်ခင်ဗျ။ စစ်မှုထမ်းလစာကို အချိန်နည်းနည်းကြန့်ကြာမှထုတ်ပေးတာက......အမြဲတစေ လုပ်ထုံးလုပ်နည်းပါဘုရား။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now