Chapter 16

1.2K 165 4
                                    

Unicode

အခန်း{၁၆}

အတွေ့အကြုံအားအခွင့်ကောင်းယူကာ တစ်ပါးသူအားမထီမဲ့မြင်ပြုခြင်း


နွေဦးမှ နွေနှောင်းသို့၊ ဆောင်းဦးမှ ဆောင်းသို့ ကူးလူးရောက်ရှိလာလေပြီ။ ကျင်ရွေ့ ပထမနှစ်ဆောင်းရာသီတွင် ပထမဆုံးဆီးနှင်းများထူထဲစွာ ကျဆင်းလာသည့်အချိန်မှာ သည်နှစ်၏နောက်ဆုံးလဖြစ်ပေသည်။

ဘုရင်မင်းမြတ်သည် ယနေ့တွင် ကောင်းကင်ဘုံသို့ ယဇ်ပူဇော်မည့် အခမ်းအနားအား ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်ဖြစ်သည်။ ထိုသည်မှာ ကျူ့ယွင်ရွှမ်းနန်းတက်သည့် ပထမဆုံးနှစ်ဖြစ်သည်ကြောင့် ကောင်းကင်ဘုံယဇ်ပူဇော်မည့် အခမ်းအနားမှာ ပို၍တောင်အရေးကြီးပေ၏။

လင်းကြက်တွန်သံ တစ်ချက်တီးနှစ်ချက်တီး ကောင်းကင်ယံအမှောင်ဆုံးအချိန်၌ ကျူ့ယွင်ရွှမ်း အိပ်ရာမှထလာသည့်အခါ အိပ်ဆောင်အတွင်း မီးများထွန်းညှိထားပြီးဖြစ်သည်။ မိန်းမစိုးဆယ်ယောက်ကျော်လောက်က ရေမိုးချိုးပြီး အဝတ်အစားလဲဖို့စောင့်နေကြပြီပင်။

ကျူ့ယွင်ရွှမ်း၏ မျက်နှာအရောင်မှာဖျော့တော့နေပြီး ခန္ဓာကိုယ်ဟာလည်း အားနည်းနေသည်။ မနေ့ညက အ်ိပ်ပျော်တော့မည့်တခဏ ညအချိန်၌ရုတ်တရက်အေးချလာ၏။ ဤအိပ်ဆောင်ထဲ၌ ဆေးဖက်ဝင်ပိုးကောင်များနှင့် မီးလင်းဖိုများဖိုထားတာတောင် သူသည်ဟိုလှိမ့်သည်လှိမ့်ဖြင့် ချမ်းအေးလွန်းလှသည်ကြောင့် အိပ်မပျော်ခဲ့ချေ။ ယခုထလာချိန်မှာလည်း လည်ချောင်းနာနေသည်ကြောင့် မသက်မသာခံစားနေရကာ လေအေးဒဏ်ပါ ခံလိုက်ရပြန်၏။

ကောင်းအန်းသည် မြေပြင်ပေါ်ဒူးတုပ်ကာ သူ့အားခါးပတ်ကြိုးချည်ပေးနေသည်။ ကျူ့ယွင်ရွှမ်း၏ ချောင်းဆိုးသံအားကြားကာ စိုးရိမ်တကြီးလျှောက်တင်၏။

"အရှင်မင်းကြီး၊ တော်ဝင်သမားတော်ပင့်ပြီး လာကြည့်ခိုင်းရမလားဗျ။ မသွားခင် ဆေးအရင်သောက်လိုက်မလား ဘုရား?။"

"မလိုပါဘူး။ ဒီနေ့ကောင်းကင်ဘုံကို ပူဇော်မဲ့နေ့မလို့ အချိန်တွေမနှောင့်နှေးစေနဲ့။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now