Chapter 9

1.5K 175 14
                                    

Unicode

အခန်း{၉}

အလဟဿဖြုန်းတီးခြင်း


မိုးမလင်းမီတွင် မြင်းလှည်းသည် ကျေးလက်ရွာလေးရှိ သက်ကယ်မထင်မရှားမိုးထားသည့် အိမ်အပြင်ဘက်၌ရပ်သွားခဲ့ပြီး ကျူ့ယွင်ရွှမ်းသည် ကောင်းအန်း၏အကူအညီဖြင့် မြင်းလှည်းပေါ်ဆင်းလာခဲ့သည်။ ခြံဝင်းထဲ၌ သန့်ရှင်းရေးလုပ်လုပ်နေသည့် လူငယ်လေးက သူ့ကိုမြင်သည်နှင့် "အာ" ဟုအသံထွက်ရင်း သူ့လက်ထဲမှ တံမြက်စည်းကိုပစ်ချပြီး ထိတ်လန့်တကြားဖြင့် အိမ်ထဲသို့ပြေးဝင်သွား၏။

ခဏအကြာ ဆံပင်ဖြူဖြူအဘိုးအိုတစ်ယောက်နှင့် သူ့မိသားစုတစ်ခုလုံးကို အပြင်ထွက်လာပြီး ကျူ့ယွင်ရွှမ်းရှေ့၌ ကြောက်ရွံ့တုန်ရီစွာ ဒူးထောက်ထိုင်ချလိုက်၏။

"ဒီသာမန်ပြည်သူဆီ လာရောက်လည်ပတ်တဲ့အတွက် ကျွန်တော်မျိုးတို့ ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ!"

"ဆရာကြီး ထပါဗျာ။"

ကျူ့ယွင်ရွှမ်းသည် ရှေ့သို့လှမ်းကာ ထိုသူအားထူမပေးရန် ကိုယ်ကိုကိုင်းညွတ်လိုက်သည်။

နာရီ၏လေးပုံတစ်ပုံ(ဆယ့်ငါးမိနစ်) ကြာပြီးနောက် သူတို့နှစ်ယောက်သည် စာကြည့်ခန်းထဲတွင် မျက်နှာချင်းဆိုင်ထိုင်နေကြပြီး သူတို့နှစ်ယောက်ရှေ့၌ လက်ဖက်ရည်ခွက်သေးနှစ်ခွက်ချထားသေးသည်။ ကျူ့ယွင်ရွှမ်းသည် သန့်ရှင်းသပ်ရပ်ပြီးရိုးရှင်းသော်ငြား ပရိဘောဂတွေသည်တော့ ခမ်းနားထည်ဝါနေသည်ကို တချက်ကြည့်ရင်း ပေါ့ပါးစွာရယ်ကာ

"ဆရာကြီး၊ ဒီကျေးလက်ရွာလေးမှာနေရတာ အဆင်ပြေရဲ့လား?"

အဘိုးအိုသည် သက်ပြင်းချကာ‌ဆို၏။

"လွင့်မြောနေတဲ့တိမ်တိုက်တွေနဲ့ တောရိုင်းငှက်ကျားတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျော်ရွှင်မှာကိုရှာဖွေကြသည်ပမာ၊
ယခုနေ့ရက်တိုင်း မြေးများနှင့်ပဲ သကြားလုံးစားရင်း ဘဝကိုအပန်းဖြေလျက်၊
ဥယျာဉ်မှုးကဲ့သို့ သစ်ပင်ပန်းမန်ပျိုးထောင်ရင်း
ဤသို့ဆိုလည်း ပျော်စရာအတိပြီး၏။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now